Unicode Ver
၆။ သရုပ်ဆောင်ဖို့မွေးလာတဲ့အကောင်
ကျန်းကျားဆန်းက နဥ်ရှုကို တစ်ခုခုပြောရန် လုပ်လိုက်သော်လည်း နဥ်ရှုကတော့ အိမ်ထဲကို အမြန်ဝင်သွားသည်။ ထို့ကြောင့် သူလည်းနဥ်ရှုအနောက်ကိုသာ လိုက်လာရတော့သည်။
"မေမေ"
ပန်းတွေကိုကိုင်ကာ ပန်းပိုးထိုးနေသည့် အမေမြောင်ကို နဥ်ရှုက နှုတ်ဆက်လိုက်သည်။ နဥ်ရှုကိုမြင်သည့်အခါ သူမကခေါင်းအစ ခြေအဆုံး ကြောင်ကြည့်နေပြီးနောက် ပန်းတွေပစ်ချကာ ပြေးလာဖက်သည်။"သမီးလေးရယ် ပိန်ပြီး အသားတွေတောင် မည်းလာတယ်။ ဘယ်လိုလုပ် ဒီလိုဖြစ်လာတာလဲ?"
အမေမြောင်၏အသံမှာ ရင်နာမှုအပြည့်ဖြင့်
"စောစောပြန်လာတာ မဟုတ်ဘူး"အမေမြောင်သည် အကျင့်စရိုက်ကောင်းများနှင့် သက်လတ်ပိုင်းမိန်းမဖြစ်သည်။ သူမသည် မိမိကိုယ်ကိုမိမိ ထိန်းသိမ်းကာ နေခိုင်သောကြောင့် အသက်၃၀ကျော်ဟုတောင် ထင်ရလေသည်။
"မေမေကို လွမ်းနေတာ"
နဥ်ရှုကလည်း ခပ်တင်းတင်း ပြန်ဖက်လိုက်သည်။ ထိုအခါ သူမ၏တစ်ကိုယ်လုံး တုန်သွားသည်။ ဒီခံစားချက်မှာ မူလကိုယ်ဆီကပင် ဖြစ်သည်။"ပြန်လာတာ ကောင်းတယ်။ သမီးလေးမြန်မြန် ပြန်လာမှပဲ"
အမေမြောင်သည် ချက်ချင်းဆိုသလို အဖေမြောင်အား ဖုန်းဆက်ကာ လှမ်းအော်ခေါ်သည်။နဥ်ရှုကတော့ အပေါ်ထပ်က သူမ၏အခန်းသို့သွားကာ ရေချိုးတော့သည်။ ခေါင်လွန်းသည့်ရွာမှာ သူမလုံးဝ ရေမချိုးခဲ့ရပေ။ ရေချိုးရမည့်နေရာက စုတ်ပြတ်သက်နေကာ အေးလွန်းသည့်ရာသီဥတုကြောင့် ရေချိုးရင်း သူမခဲသေသွားနိုင်သည်။
နဥ်ရှုက ရေချိုးပြီးနောက် ထွက်လာသည့်အခါ ကျန်းကျားဆန်းက ဆိုဖာပေါ်တွင် စာအုပ်ဖတ်ရင်း ထိုင်နေသည်။
သူမထွက်လာသည်ကိုမြင်သည့်အခါ စာအုပ်ကိုချလိုက်ပြီး ပြုံးပြသည်။ ကျန်းကျားဆန်းက ပြုံးခဲသည့်သူဖြစ်သောကြောင့် သူပြုံးလိုက်သည့်အခါ အသက်ရှုရပ်ဖွယ် ခန့်ညားကာ ကြည့်ကောင်းလွန်းသည်။
YOU ARE READING
ဇာမဏီလိုကောင်စုတ်/ဇာမဏီလိုကောင်စုတ် (Realm 14)
RomanceAuthor(s): 很是矫情 English translator: Butterfly's Curse English title: Quick Transmigration Cannon Fodder's Record of Counterattacks Original name: 快穿之炮灰女配逆袭记 Realm 14 : That Phoenix Boy Genre:Action,Adventure,Comedy,Fantasy ,Gender Bender,Martial Ar...