22

6.1K 930 27
                                        

Unicode Ver

၂၂။ ဒီနယ်ပယ်က မဟုတ်တဲ့သူ

နဥ်ရှုက သွေးအန်မတက် ဖြစ်သွားသည်။
'အရင်တုန်းက မြောင်မြောင်က လှည့်စားရလွယ်လို့ ထားတော့။ အခုတော့ ငါက အမှန်တွေပြောနေတော့လည်း အကျိုးအကြောင်း မသင့်တော်တော့ဘူးလား?'

နဥ်ရှုက ကျန်းကျားဆန်းကို တွန်းဖယ်လိုက်ကာ ကားထဲသို့ဝင်ပြီး မောင်းထွက်လာသည်။
'ဒီလိုအကောင်မျိုးနဲ့ ပြောနေရတာက ခေါင်းကိုက်လာတာအပြင် ဘာအကျိုးမှမရှိဘူး'

ဒါတွေအကုန်လုံးက ကျန်းကျားဆန်း၏ ယခုအောင်မြင်နေခြင်းအပေါ်တွင် မှီခိုနေသည်။
'ကျန်းကျားဆန်းသာ ကျရှုံးသွားရင် သူ့အနားက လူတိုင်းက အခုလိုဆက်ပြီးတော့ ငါ့အရှေ့မှာ ဂုဏ်မောက်နိုင်ဦးမှာလား ကြည့်ချင်သေးတယ်'

'ပြီးတော့လည်း ကျန်းမိသားစုရဲ့ ပိုင်ဆိုင်သမျှအကုန်လုံးနီးပါးက မြောင်မိသားစုက ပေးထားတာပဲ။ မြောင်မိသားစုသာမရှိရင် ကျန်းကျားဆန်းက ဘယ်လိုလုပ် အပေါ်ကို အမြန်တက်နိုင်မှာလဲ?'

'သူများအပေါ်ကိုလည်း မှီခိုသေးတယ်။ အဲ့ဒီလူကိုလည်း နင်းချနေတယ်!'

'ဒီကမ္ဘာက ဇာတ်ကောင်တွေရဲ့စရိုက်တွေက အရမ်းလွန်တာပဲ'

'ကျန်းမိသားစုရဲ့ စိတ်ထားတွေကဆိုရင် ပိုပြီးတော့ ဆိုးဝါးနေသေးတယ်။ သူတို့၏ချွေးမကို အောက်တန်းစားလို ဆက်ဆံနေကြတာ'

'မြောင် မြောင်မြောင်သည် ပိုက်ဆံဘယ်လောက်ပဲ ချမ်းသာနေပါစေ ကျန်းကျားဆန်းနှင့် လက်ထပ်ပြီး ကျန်းမိသားစု၏ ချွေးမဖြစ်လာမလို့ သူတို့မိသားစု၏ ဓလေ့ထုံးတမ်းများကို လိုက်နာပြီးတော့ သူတို့အားခစားရမည်ဟု သူတို့က ထင်နေကြတာပဲ'

နဥ်ရှုက ရေသန့်ဘူးအခွံကို ဖျစ်ညှစ်လုံးခြေပစ်လိုက်သည်။ သို့သော်လည်း သူမ၏ ဒေါသတွေကတော့ ငြိမ်ကျမသွားသဖြင့် စိတ်နှလုံးစင်ကြယ်စေသည့်ဂါထာကို အထပ်ထပ်အခါခါ ရွတ်ဆိုနေရသည်။

'ဒီအမကြီးက ကမ္ဘာတွေ အများကြီးမှာ ယုတ်မာတဲ့လူ အများကြီးနဲ့ ယှဥ်တိုက်လာခဲ့တာ။ ဒီကိုရောက်မှ အရှုံးမပေးနိုင်ဘူး။ ဒီအမကြီးက စိတ်မတိုဘူး . . . လုံးဝ စိတ်မတို. . .အား Fxxkပဲ! ဒါောက်ရမ်း စိတ်တိုချင်စရာကြီးကို!!!'

ဇာမဏီလိုကောင်စုတ်/ဇာမဏီလိုကောင်စုတ် (Realm 14)Место, где живут истории. Откройте их для себя