48

5.4K 846 21
                                        

Unicode Ver

၄၈။ ကလေးယူရအောင်

နဥ်ရှုရောက်လာသည်ကို မြင်သည့်အခါ ကျန်းကျားဆန်းသည် လုပ်လက်စများကိုရပ်တန့်ကာ ရွှယ်မန်မန်အား အပြင်သို့ ထွက်ခိုင်းသည်။ ရွှယ်မန်မန်က ချီတုံချတုံဖြစ်ကာ ထွက်သွားသည်။

"မြောင်မြောင် ဘာဖြစ်လို့ ဒီကိုလာတာလဲ?"
ကျန်းကျားဆန်းက မေးသည်။

နဥ်ရှုက
"ရှင့်ကိုလာတွေ့တာ။ အခုတလော အလုပ်ရှုပ်နေမယ်ထင်လို့"

"ဒီတာဝန်တွေယူလိုက်တော့ နည်းနည်းအလုပ်ရှုပ်နေတယ်"
ကျန်းကျားဆန်းက နဥ်ရှု၏လက်ကို ကိုင်လိုက်ကာ
"တောင်းပန်ပါတယ်။ ကိုယ်အခုတလော အလုပ်ရှုပ်နေတော့ မင်းကိုပစ်ထားမိတယ်။ အလုပ်နဲ့ ကိုယ်အသားကျသွားမှကိုယ်တို့ကလေးယူကြမယ်လေ"

ခွမ်း!!!
ခွက်တစ်လုံးက ကြမ်းပြင်ပေါ်သို့ ကျကွဲသွားသည်။ နဥ်ရှုက လှည့်ကြည့်လိုက်သည့်အခါ ကော်ဖီခွက်သယ်လာသည့် ရွှယ်မန်မန်မှာ ခွက်ပြုတ်ကျသွားခြင်း ဖြစ်သည်။

'ကျန်းကျားဆန်းက မြောင်မြောင်နဲ့ ကလေးယူမယ် ပြောတာကို ကြားသွားလို့ လန့်ပြီးပြုတ်ကျသွားတာ သိသာလိုက်တာ'

ကျန်းကျားဆန်းမှာ ဒါကိုမြင်သည့်အခါ မျက်နှာပျက်ယွင်းသွားသည်။ ရွှယ်မန်မန်က နှုတ်ခမ်းကိုကိုက်ကာ ခွက်ကွဲစများကို ကုန်းကောက်နေသည်။ ဒီထိုးချက်ကြောင့် သူမသည် အရမ်းခံစားသွားရကာ မျက်နှာမှာ ဖြူဖပ်နေသည်။

"ထားလိုက်။ သန့်ရှင်းရေးကိုပဲ လာရှင်းခိုင်းမယ်"
ရွှယ်မန်မန်မှာ စိတ်မထိန်းနိုင် ဖြစ်နေသည့်အခါ ကျန်းကျားဆန်းက သူမအား ထွက်သွားခိုင်းလိုက်သည်။

နဥ်ရှုက အပြုံးလေးဖြင့်
"ခွက်လေးကွဲသွားတာပဲဟာ။ ဘာမှမဖြစ်ပါဘူး"

'ဒီလိုအခြေအနေမျိုးကို ကြည့်နေရတာ စိတ်ချမ်းသာလိုက်တာ။ အထူးသဖြင့် ကျန်းကျားဆန်းက ရွှယ်မန်မန်ကို စိတ်နာအောင် လုပ်တာကြီး'

ကြမ်းပြင်ပေါ်မှာ ဒူးထောက်ရင်းခွက်ကွဲစများကို ကောက်နေသည့် ရွှယ်မန်မန်ကို နဥ်ရှုက ကြည့်နေသည်။ ရွှယ်မန်မန်က ထွက်သွားခိုင်းတာကို ကြားသော်လည်း ဆက်ကောက်နေဆဲပင်။

ဇာမဏီလိုကောင်စုတ်/ဇာမဏီလိုကောင်စုတ် (Realm 14)Hikayelerin yaşadığı yer. Şimdi keşfedin