36

5.7K 920 29
                                        

Unicode Ver

၃၆။ ရှင်က တော်တော်အာရုံနောက်ဖို့ကောင်းတာပဲ!

"အဖေအဆင်ပြေရဲ့လား?"
ကျန်းကျားဆန်းက ချီတုံချတုံဖြင့် မေးသည်။
"ဆေးရုံတက်နေရတာလား?"

နဥ်ရှုက မျက်လုံးကို လှန်မိကာ
"မတက်ရဘူး။ ပြန်သက်သာလာတယ်"

ကျန်းကျားဆန်းက စိတ်သက်ရာရပုံဖြင့် ကြားရအောင် သကာပြင်းချပြီးမှ
"ကောင်းသွားတာ တော်သေးတာပေါ့"

"ကွာရှင်းကြရအောင် ကျန်းကျားဆန်း။ အတည်ပြောနေတာ"
နဥ်ရှုက အေးစက်စွာ ပြောသည်။

ကျန်းကျားဆန်းက တုန့်ဆိုင်းနေကာ
"မြောင်မြောင်။ ဒီလိုမလုပ်ပါနဲ့။ ကိုယ်တောင်းပန်ပါတယ်။ ကိုယ့်မိဘတွေအစား ကိုယ်ပဲတောင်းပန်ပါတယ်ကွာ။ သူတို့က ကိုယ့်ယောက်ဖကို အစိုးရိမ်လွန်နေလို့ပါ"

"အင်း သိတယ်။ အဲ့ဒါကြောင့် ရှင့်အမေက ကျွန်မကို ဘယ်လောက်မုန်းနေလဲ သိလာရတာ။ တော်ပြီ။ ဖုန်းချတော့မယ်။ အိပ်ရဦးမှာ"
နဥ်ရှုက ဖုန်းကိုစက်ပိတ်လိုက်သည်။

နောက်နေ့တွင်တော့ ကျန်းကျားဆန်းရဲ့ အမေနှင့်အမတို့၏ အရိပ်အယောင်ကို လုံးဝမတွေ့ရတော့ပေ။ အသုဘလို အမြဲငိုညည်းနေကြသည်သူများ မရှိတော့သည့်အခါ နဥ်ရှုမှာ ပုံမှန်မဟုတ်သလိုတောင် ခံစားလိုက်ရတော့သည်။

'မြင်တယ်မလား? ကွာရှင်းဖို့ ပြောလိုက်ရုံနဲ့တင် ကျန်းကျားဆန်းက သူ့လက်သည်းတွေကို ပြန်သိမ်းသွားပြီ။ သူ့အရည်အချင်းအရဆိုရင် သူ့မိသားစုကို သူထိန်းနိုင်နေတာကိုတောင် တမင်လွှတ်ထားတာ'

နဥ်ရှုက ရုံးခန်းထဲသို့ ဝင်လိုက်သည့်အခါ လူတစ်ယောက်က သူမကိုအနောက်ကနေ သိုင်းဖက်ထားသည်။ ကျန်းကျားဆန်းဆီမှ ဆေးလိပ်အနံတို့က ထွက်နေကာ နဥ်ရှုကဖယ်ရန် လုပ်လိုက်သော် ကျန်းကျားဆန်းက ပိုတင်းတင်းထက်လာသည်။ ထို့နောက် အက်ရှရှအသံဖြင့်
"မြောင်မြောင်"

နဥ်ရှုက ကျန်းကျားဆန်းကို တွန်းထုတ်လိုက်သည့်အခါ ကျန်းကျားဆန်းက ကြောင်အသွားသည်။ ကျန်းကျားဆန်းမှာ တစ်ညလုံး အိပ်မရခဲ့သဖြင့် မျက်လုံးများတွင် သွေးကြောတို့ကထင်းနေကာ အဝတ်အစားမှာလည်း တွန်းကြေနေသည်။

ဇာမဏီလိုကောင်စုတ်/ဇာမဏီလိုကောင်စုတ် (Realm 14)Место, где живут истории. Откройте их для себя