66

6K 838 19
                                        

Unicode Ver

၆၆။ သေခြင်းက တစ်ချက်တည်းအကုန်လုံးကို ရှင်းနိုင်တယ်

ကျန်းကျားဆန်းသည် သေကြောင်းကြံသွားခဲ့သည်။ ထိုသတင်းကို ကြားသည့်အခါ နဥ်ရှုသည် ကြောင်အသွားသည်။ သူမထောင်ဝင်စာသွားတွေ့တုန်းတည်းက ကျန်းကျားဆန်းသည် အသက်မဲ့နေသည့် အလောင်းကောင်လို ပြုမူနေခြင်း ဖြစ်သည်။

ကျန်းမိသားစုက ငိုပွဲနွှဲပြန်သည်။ ကျန်းကျားဆန်း၏ အမေက နဥ်ကိုမြင်သည့်အခါ ပြေးဝင်တိုက်သည်။ နဥ်ရှုက အမြန်ရှောင်လိုက်သည်။

"မကောင်းတဲ့ မိန်းမယုတ်! ကိုယ့်ယောက်ျားကိုတောင် သေအောင်လုပ်တယ်!"
ကျန်းကျားဆန်း၏ အမေသည် နာကျဥ်းမှုအပြည့် နာကျင်မှုများဖြင့် နဥ်ရှုကို ဆဲဆိုသည်။
"ညည်းကို ယူလိုက်မှပဲ ငါတို့ကျန်းမိသားစုမှာ တစ်မျိုးပြီးတစ်မျိုး ကံဆိုးမိုးမှောင်ကျလာတယ်။ ကံဆိုးမ! အခုတော့ ညည်းက ကျန်းကျားဆန်းကိုသေအောင်လုပ်လိုက်ပြီ! ဘာဖြစ်လို့ ညည်းကိုယ်တိုင်ပဲ မသေလိုက်တာလဲ?"

နဥ်ရှုက တည်ငြိမ်စွာဖြင့်
"ကျွန်မက ကျန်းကျားဆန်းနဲ့ ကွာရှင်းပြီးသား။ သူနဲ့ဘာမှ မဆိုင်တော့ဘူး"

ကျန်းမိသားစုတိုင်းဟာ ကြောင်အသွားသည်။ ကျန်းကျားဆန်း၏ အဖေက ဒေါပွသွားသည်။ နဥ်ရှုကို နာကျဥ်းစွာဖြင့် စိုက်ကြည့်ကာ
"ငါတွေ့ဖူးသမျှထဲမှာ ညည်းက အယုတ်မာဆုံးနဲ့ အမိုက်ရိုင်းဆုံးပဲ။ သူအခြေအနေအဆိုးဆုံး အချိန်မှာ ကွာရှင်းလိုက်ပြီး သေအောင်တွန်းပို့လိုက်တာပဲ"

နဥ်ရှုက ကျန်းကျားဆန်း၏ အဖေစကားများကို ဂရုမစိုက်ပေ။
'လူတိုင်းနင်းတက်သွားဖို့ ငါ့ကိုယ်ငါဆင်းခံနေပေးရမှာလား? ကိုယ့်မိသားစုကို နာကျင်စေပြီး သေသွားခွင့် ပြုရမှာလား? ကိုယ့်ကိုယ်ကို ကာကွယ်တာက အရှက်သိက္ခာမရှိတာတဲ့လား?'

"ကျန်းကျားဆန်းကို သတ်သေစေတာက ကျွန်မမဟုတ်ဘူး။ ရှင်တို့တွေပဲ"
နဥ်ရှုက ကျန်းမိသားစုကို အာရုံထဲကို မရှိပေ။

ကျန်းမိသားစု၏ အခရာဖြစ်သည့် ကျန်းကျားဆန်း၏ အဖေက ကျန်းကျားဆန်းအား တာဝန်တစ်ဝက်ကို အတင်းထမ်းရွက်စေလို့သာ ဖြစ်သည်။

ဇာမဏီလိုကောင်စုတ်/ဇာမဏီလိုကောင်စုတ် (Realm 14)Место, где живут истории. Откройте их для себя