11

5.8K 900 26
                                    

Unicode Ver

၁၁။ အမြင့်မြတ်ဆုံးနှင့် အဖြူစင်ဆုံး အချစ်

နဥ်ရှုအတွက်တော့ သူမရုံးခန်းထဲကို လူရောက်လာတာ ပထမဦးဆုံးဖြစ်သည်။

နဥ်ရှုက မျက်နှာကို တည်ထားလိုက်ကာဝင်လာစေသည်။

ပန်းစီးဖြင့် လူတစ်ယောက် ဝင်လာသည်။ ပန်းတို့က ထိုလူ၏မျက်နှာကို ကွယ်ထားသည်။ သို့သော် နဥ်ရှုက ကဲကြည့်လိုက်ပြီး ဝတ်စုံကိုမြင်လိုက်သည့်အခါ ဘယ်သူမှန်းသိသွားသည်။

"ချစ်ဇနီးလေးအတွက်"
ကျန်းကျားဆန်းက နဥ်ရှုအား နှင်းဆီပန်းတစ်စီးထိုးပေးသည်။

နဥ်ရှုက ပန်းကိုယူပြီး မွှေးလိုက်ကာ ခပ်ယောင်ယောင် ပြုံးလိုက်သည်။

ကျန်းကျားဆန်းက သူမ၏စားပွဲပေါ်က ဖိုင်တစ်ထပ်ကြီးကိုကြည့်ကာ မျက်လုံးတွေက အရောင်ဖျော့သွားပြီး
"အလုပ်တွေလုပ်နေတုန်းလား? အခုအလုပ်ဆင်းချိန်ရောက်နေပြီလေ"

နဥ်ရှုက ပြောသည်။
"အင်း သေချာနားမလည်လို့ ကြည့်ရမယ့်ဟာတွေ အများကြီးရှိသေးတယ်"

"သြော် ဟုတ်သား။ ဘာဖြစ်လို့ ပန်းလာပေးတာလဲ?"
နဥ်ရှုက စကားလမ်းကြောင်းပြောင်းလိုက်ကာ အပြုံးလေးဖြင့်
"အရမ်းအချစ်ခံရသလို ခံစားရနေသလိုပဲ"

နဥ်ရှုက ပန်းစီးကို ထပ်လှည့်မကြည့်တော့ဘဲ စားပွဲပေါ်တွင်ချလိုက်သည်။ ကျန်းကျားဆန်းက
"မြောင်မြောင် မကြိုက်ဘူးလား?"

ဒါဟာ ကျန်းကျားဆန်းက ပထမဆုံးအကြိမ် ပန်းလာပေးခြင်း ဖြစ်သည်။ အရင်တုန်းက မြောင်မြောင်သည် ကျန်းကျားဆန်း၏ အိမ်အခြေအနေက မကောင်းမှန်း သိသောကြောင့် သူမအား ဘာလက်ဆောင်မှ မပေးစေပေ။ ကျန်းကျားဆန်းက ဝယ်ပေးချင်ရင်တောင်မှ မြောင်မြောင်က လက်မခံပေ။

သူတို့စတွဲတုန်းက ကျန်းကျားဆန်းသည် သာမန်ဝန်ထမ်းလေးသာ ဖြစ်သည်။ သူ့လစာအများစုကို အိမ်သို့ပို့ရသည်။ မြောင်မြောင်က ကျန်းကျားဆန်းအား အမြဲတမ်းစာနာသနားနေခဲ့သည်။ ကျန်းကျားဆန်းက သူမကိုပေးခဲ့သည့် တစ်ခုတည်းသောအရာမှာ လက်ထပ်လက်စွပ်တစ်ကွင်းသာ ဖြစ်သည်။

ဇာမဏီလိုကောင်စုတ်/ဇာမဏီလိုကောင်စုတ် (Realm 14)Nơi câu chuyện tồn tại. Hãy khám phá bây giờ