34

5.7K 873 20
                                        

Unicode Ver

၃၄။ မိသားစုကိစ္စကို လူသိရှင်ကြား မရှင်းသင့်ဘူးတဲ့လား

နဥ်ရှုက ဝင်ဝင်ချင်း ကျန်းမိသားစု၏ စွပ်စွဲချက်များကိုရင်ဆိုင်လိုက်ရသည့်အခါ အရင်ဆုံး သူမကိုယ်သူမ တည်ငြိမ်အောင်လုပ်ကာ အလုပ်သမားများကို အလုပ်ပြန်လုပ်စေလိုက်သည်။ ထို့နောက် ရုံးခန်းတံခါးကို ပိတ်လိုက်ပြီးနောက် သူတို့အား ညင်သာစွာ
"ရှင်တို့တွေက ဒီကိုဘာလာလုပ်ကြတာလဲ?"

"ယောင်းမလေး ကျေးဇူးပြုပြီးတော့ ကလေးအဖေကို ထောင်ထဲမပို့လိုက်ပါနဲ့။ ငါနဲ့ငါ့သမီးက သူမရှိရင် ဘယ်လိုလုပ်နေရမှာလဲ?"
ကျန်းဝမ်လန်က ကောင်းကင်ကြီး ငိုကျသွားတဲ့သူလို ငိုယိုကာ နဥ်ရှုကို တောင်းပန်သည်။

နဥ်ရှုက ကော်ဖီခွက်ကိုမကာ တစ်ငုံလောက် သောက်လိုက်သည်။
'သူမရှိရင် မနေနိုင်ဘူးလား? မိသားစုကို ဘာမှမထောက်ပံ့နိုင်တဲ့အပိုသူ မရှိတာကမှ သူတို့သားအမိအတွက် ပိုကောင်းတာ မဟုတ်ဘူးလား? ယောက်ျားတစ်ယောက်နဲ့ မခွဲနိုင်ဘူးလို့ပဲ။ ယောက်ျားမရှိရင် မနေနိုင်ဘူးလား?'

ဒါက မိန်းမတစ်ယောက်အတွက် အလွန်သနားစရာကောင်းလွန်းသည်။ ယောက်ျားက ဘယ်လောက်ဆိုးဝါးနေပါစေ ကိုယ့်ခြေထောက်ပေါ် ကိုယ်မရပ်တည်နိုင်တာကြောင့် ယောက်ျားမရှိဘဲ မနေနိုင်ဖြစ်နေသည်။

နဥ်ရှုက သနားစရာကောင်းသည့် ကျန်းဝမ်လန်ကို ကြည့်လိုက်သည်။
'သနားစရာကောင်းတဲ့သူတွေက အမုန်းပိုခံရတယ်။ ကျန်းဝမ်လန်က လှပြီးတော့ ဖုန်မှုန့်တစ်ခုစာထက် ပိုတန်ဖိုးရှိပါတယ်။ ဒါပေမယ့် ကမ္ဘာကြီးက မိန်းမတွေအပေါ် ပိုပြီးရက်စက်နေသလိုပဲ'

"မြောင်မြောင် ညည်းရဲ့ခဲအိုကို ထုတ်မပေးရင် ငါညည်းကို အလွတ်မပေးဘူး!"
ကျန်းကျားဆန်း၏ အမေက အံ့ကြိတ်ကာ ပြောသည်။
"တော်တော်ရွံ့ဖို့ကောင်းတဲ့ကောင်မ! ဘယ်လိုလုပ် ဒီလိုလုပ်ရက်ရတာလဲ? ကိုယ့်မိသားစုဝင်ကို ထောင်ချပစ်ရတယ်လို့ပဲ!"

"ထန်ဟီယုက ဘာလုပ်လိုက်လဲသိလား? ကုမ္ပဏီက ဒီဇိုင်းကိုခိုးပြီး ရောင်းစားလိုက်တာ။ ကုမ္ပဏီတစ်ခုလုံးကို သန်းချီအောင် ဆုံးရှုံးဖို့ လုပ်လိုက်တာပဲ"
နဥ်ရှုက အမှုအယာကင်းမဲ့စွာ ပြန်ပြောသည်။

ဇာမဏီလိုကောင်စုတ်/ဇာမဏီလိုကောင်စုတ် (Realm 14)Место, где живут истории. Откройте их для себя