28

5.8K 929 41
                                        

Unicode Ver

၂၈။ ရေလာသောက်တာ

မြောင်မြောင် ကိုယ်ဝန်ရသွားခြင်းက အကောင်းဆုံး ဖြေရှင်းခြင်း ဖြစ်သည်။ သူမသာ ကိုယ်ဝန်ရသွားခဲ့သော် ကုမ္ပဏီမှာ အလုပ်ဆက်လုပ်မှာ မဟုတ်တော့ပေ။

သို့သော်လည်း ကျန်းကျားဆန်းသည် မြောင်မြောင်၏ ကျိုးကြောင်းသင့်ကာ ပြတ်သားသည့် အငြင်းစကားကို ဘယ်လိုတုန့်ပြန်ရမလဲ မသိတော့ပေ။ သူမက နှစ်ဖက်မိဘများ ကောင်းဖို့အတွက်အထိ စဥ်းစားပေးနေသည် ဖြစ်သည်။

ကျန်းကျားဆန်းသည် လက်ရှိမြောင်မြောင်အပေါ် သူ့သြဇာအာဏာမရောက်ခြင်းကြောင့် ပိုစိတ်တိုလာသည်။

ကျန်းကျားဆန်း၏ စူးရှသည့်အကြည့်များကို နဥ်ရှုကို အသေးစိတ်ကြည့်လိုက်သည်။ ထို့နောက် နှုတ်ခမ်းက ပြုံးလာကာ
"ကလေးမျိုးရိုးက မြောင်ဖြစ်ဖြစ် ကျန်းဖြစ်ဖြစ် ကိုယ်တို့ရဲ့ ကလေးပဲလေ"

နဥ်ရှုကလည်းပြုံးကာ
"အင်း ဟုတ်တာပေါ့"
ထို့နောက် သူမသည် သမ်းဝေကာ စောင်ခြုံပြီး အိပ်ရန်လုပ်သည်။

ကျန်းကျားဆန်းက နဥ်ရှု၏ပုခုံးကို လှမ်းဖက်ကာ
"မြောင်မြောင် အဖေက ဘာဖြစ်လို့ ရုတ်တရပ် ငွေစာရင်းထစစ်နေတာလဲ? တစ်ခုခု လွဲနေတာရှိလို့လား?"

နဥ်ရှုက လုံးဝကို နိုးကြားနေသော်လည်း သူမသည် အိပ်ချင်မူးတူးအသံလေးဖြင့်
"ဖေဖေက ဒီနှစ်ပိုင်းတွေမှာ ကုမ္ပဏီငွေတွေက လျော့နေလို့တဲ့။ အဲ့ဒါကြောင့်စစ်တာ။ တစ်ယောက်ယောက်ကများ ခိုးထားတယ်လို့ သံသယဝင်နေတာ"

ကျန်းကျားဆန်းက မျက်လုံးတွေ ကျဥ်းမြောင်းသွားကာ
"ဒီလိုစီးပွားရေး ကပ်စိုက်နေတဲ့ အခြေအနေမျိုးမှာ အမြတ်နည်းနည်း ရတာတောင် မဆိုးဘူး။ တချို့ကုမ္ပဏီတွေဆိုရင် ပျက်တောင်နေပြီ"

"အဲ့ဒါနဲ့ အဖေဘာတွေ့သေးလဲ?"
ကျန်းကျားဆန်းက နဥ်ရှုကို ချော့မေးသည်။
"ဒီလိုခိုးနေတဲ့သူရှိရင် ကုမ္ပဏီမှာ ဆက်ထားလို့ မဖြစ်ဘူး"

နဥ်ရှုက သမ်းဝေရင်းဖြင့်
"ဖေဖေရယ် တွေ့တယ် ထင်တယ်။ အခုတလော အရမ်းစိတ်ကြီးနေတာ"

ဇာမဏီလိုကောင်စုတ်/ဇာမဏီလိုကောင်စုတ် (Realm 14)Onde histórias criam vida. Descubra agora