44

6.1K 882 19
                                        

Unicode Ver

၄၄။ အိပ်မက်တွေ အကောင်အထည်ပေါ်လာပြီ

ကျန်းကျားဆန်း၏အမေက ဒီသားကိုသူမွေးထားတာဖြစ်သော်လည်း ဒီသားကိုပဲ သူတစ်သက်လုံးမှီခိုရမှာ ဖြစ်သောကြောင့် ကျန်းကျားဆန်း၏စကားကို မလွန်ဆန်နိုင်ပေ။

နဥ်ရှုသည် ရုတ်တရပ် ကျန်းကျားဆန်းအား အထင်အရမ်းကြီးသွားသည်။
'ဒီလူက လိုအပ်သလို ဒူးပဲထောက်ရထောက်ရ ရပ်ပဲနေသင့်နေသင့် အကုန်လုပ်နိုင်တာပဲ။ အောင်မြင်ဖို့ဆိုရင် သွားကိုကြိတ်ပြီး ခံတွင်းထဲကသွေးထွက်တဲ့အထိ သည်းခံနိုင်တယ်'

ကျန်းကျားဆန်းက အဆုံးတွင်အောင်မြင်ခဲ့သော်လည်း ဒီလိုအကြံကြီးလွန်းသည့် စရိုက်ကြောင့် စိတ်ထားမြင့်မြတ်သူလို အရှိန်အဝါမျိုးကိုတော့ တစ်သက်လုံးမရရှိခဲ့ပေ။

အခုလို နဥ်ရှုအား ဂရုစိုက်ပြနေတာတွေဟာ CEOရာထူးကို မြန်နိုင်သမျှမြန်မြန် ရစေချင်လို့သာ ဖြစ်သည်။

မြောင်မိဘများကတော့ သူတို့သမီးလေးအား သဲသဲလှုပ်ပြနေသည့် သူတောင်းစားကောင်ကို မြင်ရတိုင်း ဒေါသတွေ ပေါက်ထွက်မတက်ပင်။ သူတို့က USBမှ မြင်လိုက်ရသည့် ကျန်းကျားဆန်းက အခြားမိန်းမနှင့် ပလူးနေသည်များကို မတွေးမိဘဲ မနေနိုင်ကြပေ။

နဥ်ရှုက မနည်းတားထား၍သာ မဟုတ်လျှင် အဖေမြောင်က ဒီသူတောင်းစားကောင်အား လည်ပင်းကိုညှစ်သတ်နေလောက်ပြီ။

နဥ်ရှုက မြောင်မိဘများကို ဒီပွဲတွင် မပါစေချင်ပေ။ ထို့ကြောင့် အဖေမြောင်သည် ဘာကိုမှမသိသလို ဟန်ဆောင်နေရသည်။ သူ့သမီးလေး သဘောအရ လိုက်နေရတာ ဖြစ်သော်လည်း မျက်ဖြူဝံပုလွေ၏ သရုပ်ဆောင်ချက်များကို ကြည့်နေရသည်မှာ အရူးတစ်ယောက်ကို ကြည့်နေရသလိုဖြစ်၍ ရယ်ရလေသည်။

မြောင်မိဘများသည် ကျန်းကျားဆန်းအား သူတို့၏သမက်လို့ကို မမြင်ကြတော့ပေ။

နဥ်ရှုသည် ကျန်းကျားဆန်းအား CEOရာထူးပေးမည်ဟု ကတိပေးထားသောလည်း သူမသည် ရာထူးမှမနားသေးပေ။ ထိုအရာက ကျန်းကျားဆန်းအား ဒေါသထွက်လာစေသည်။ မြေပြင်ပေါ်တွင် မုန်လာဥကြီးတစ်လုံး မြင်နေရလျှက်နှင့် စားဖို့အောင့်အီးနေရသလိုမျိုး ဖြစ်နေသည်။

ဇာမဏီလိုကောင်စုတ်/ဇာမဏီလိုကောင်စုတ် (Realm 14)Donde viven las historias. Descúbrelo ahora