42

5.7K 891 22
                                        

Unicode Ver

၄၂။ အရင်ပိုင်ဆိုင်မှု

ကျန်းကျားဆန်း၏အဖေက ဘာမှမပြောဘဲ သူ့အိပ်ခန်းသို့သာ ဝင်သွားသည်။ ကျန်းကျားဆန်းကတော့ ဝရံတာသို့ထွက်ကာ ဆေးလိပ်သောက်နေသည်။

မီးရောင်စုံဖြင့် တောက်ပနေသည့် မြို့ကြီးကို သူငေးကြည့်နေမိသည်။
'ဒီမြေတိုင်းက ငွေအများကြီး အဖိုးတန်မှာပဲ'

ကောလိပ်က သူဘွဲ့ရပြီးသည့်အခါ ဒီမြို့ကြီးတွင် သူဘယ်လိုရှင်သန်ခဲ့ရမလဲ မသိခဲ့ပေ။ ဒီမြို့မှာ အခြေချနေဖို့တောင် ခက်ခဲနေသည့်အချိန်တွင် အိမ်တစ်လုံးဝယ်ရန် သူ့မျှော်လင့်ချက်က တစ်ဘဝလုံးတွင် မဖြစ်နိုင်တော့သလို ဖြစ်ခဲ့သည်။

သူသည် ရွာကတက်လာသည့် ကျောင်းသားတစ်ယောက်သာ ဖြစ်ခဲ့သည်။ လူတိုင်းက သူ့အားချီးကျူးကြသည်။ ထိုချီးကျူးမှုများက သူ့အတွက်ဖိအားဖြစ်လာကာ ရှင်သန်နိုင်ဖို့ ကြိုးစားခဲ့သည်။ ဘယ်လိုစတေးခဲ့ရပါစေ သူအတွက်က ထိုက်တန်ခဲ့သည်။

သူအောင်မြင်လာခဲ့ပြီဖြစ်သော်လည်း သူ့အောင်မြင်မှုကို ထိန်းသိမ်းချင်သေးသည်။ သူ့ဘဝတွင် ရှေ့ကိုဆက်တက်နိုင်ဖို့အတွက် ဘယ်လိုအတားအဆီးမျိုးကိုမဆို ဖယ်ရှင်းသွားမှာပဲ ဖြစ်သည်။

သူ့အောင်မြင်မှုကို ငွေနှင့် အဆင့်အတန်းတို့ဖြင့် ပုံသွင်းခဲ့ရကာ အရင်ကကျန်းကျားဆန်းဘဝကို လုံးဝဖယ်ရှားပစ်လိုက်မှာ ဖြစ်သည်။

စီးကရက်သောက်နေသည့် ကျန်းကျားဆန်း၏ အမူအယာသည် အေးစက်လို့သာ နေတော့သည်။

နောက်နေ့မနက်တွင် နဥ်ရှုက တက္ကသိုလ်သို့သွားကာ အန်တီပင်း၏သားကို အရင်သွားရှာသည်။ အန်တီပင်း၏သားသည် သူ့အမေပြဿနာဖြစ်နေမှန်း သိပုံမရသေးပေ။ အိပ်ချင်စုံမွှားဖြင့် အဆောင်မှ ဆင်းလာတွေ့သည်။

နဥ်ရှုက အန်တီပင်း၏သားကို အကဲခတ်ကြည့်နေသည့်အခါ သာမန်တက္ကသိုလ်ကျောင်းသားလေးသာ ဖြစ်သည်။

နဥ်ရှုက အန်တီပင်း၏သားအား ရဲစခန်းသို့ ခေါ်သွားသည်။ ထိုကောင်လေးမှာတော့ သူလည်းဘာအပြစ်မှ မလုပ်ဘဲနှင့် မမလှလှလေး တစ်ယောက်က သူ့အားရဲစခန်းသို့ ခေါ်သွားရသလဲကို မသိပေ။

ဇာမဏီလိုကောင်စုတ်/ဇာမဏီလိုကောင်စုတ် (Realm 14)Donde viven las historias. Descúbrelo ahora