5

6.1K 913 15
                                    

Unicode Ver

၅။ ကျန်းကျားဆန်း

ခရီးအရှည်ကြီးပြီးသည့်အခါ နဥ်ရှုက ဘတ်စ်ကားမှတ်တိုင်ကို ရောက်လာသည်။ သူမက ကားပေါ်ကနေ ခရီးဆောင်အိတ်ကို မနိုင်မနင်းချပြီးသည့်အခါ ယောက်ျားတစ်ယောက်က သုမဆီသို့လျှောက်လာပြီး သူမအိတ်ကို ဆွဲယူရန်လုပ်လိုက်သည်။

နဥ်ရှုက ထိုလူကို ကြည့်လိုက်သည့်အခါ အနက်ရောင်သိုးမွေးခြုံထည်ကို ခြုံထားသည့်သူဖြစ်သည်။ သူ့လည်ပင်းက မီးခိုးရောင်ပုဝါကလည်း ဒူးအထိကျနေသောကြောင့် သူ့၏ရှည်လျားသည့်အရပ်ကို ပိုပေါ်လွင်စေသည်။

နဥ်ရှုက ထိုယောက်ျားကို မြင်သည့်အခါ စိတ်ခံစားမှုတွေက ရင်ဘတ်အပြည့် ပြည့်နှက်သွားသည်။ နာကျင်မှု၊ အမုန်းတရား၊ စိတ်ပျက်မှုနှင့် ဒေါသတို့သာ ဖြစ်သည်။

ထိုလူသည် ရုပ်ရည်ပြေပြစ်ကာ ဆွဲဆောင်မှုရှိသလို အရည်အချင်းရှိသည့် လူငယ်တစ်ယောက်ပုံဖြစ်သည်။ ထိုလူက ကျန်းကျားဆန်းပင်။

ကျန်းကျားဆန်း၏ ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင်မှာ ကြည့်ကောင်းလွန်းသည်။ သူကနဥ်ရှုဆီက ခရီးဆောင်အိတ်ကို ယူရန်ကိုင်းလိုက်သည့်အခါ သူ့ကိုယ်မှ ရှင်းသန့်ကာ လတ်ဆတ်သည့်အနံ့လေး ထွက်ပေါ်လာသည်။

ဒီလူသည် သန့်ပြန့်သည့်သူ ဖြစ်သော်လည်း အတွေးတွေကတော့ နက်နဲကာ ဆိုးဝါးလွန်းသည်။

နဥ်ရှုက အပြုံးလေးဖြင့်
"လာကြိုပေးတာပဲ"

ကျန်းကျားဆန်း၏အကြည့်တွေက နဥ်ရှု၏မျက်နှာပေါ်ကနေ လွှဲသွားသည်နှင့် မျက်မှောင်ကျုံသွားသည်။ သူ့၏လေသံတွင် အပြစ်တင်မှုကို ဖုံးကွယ်လျှက်
"ဘာဖြစ်လို့ အိမ်ကနေ ရုတ်တရက်ကြီး  ထွက်လာတာလဲ? လူတိုင်းက မင်းကိုလိုက်ရှာနေကြတာ။ နောက်ဆုံး ကိုယ့်ညီမက ဖုန်းဆက်လို့။ ကိုယ်လည်း မင်းပြန်လာတာထင်လို့ အရင်လာကြိုလိုက်တာ"

နဥ်ရှုက ထပ်ပြုံးကာ
"စာချန်ခဲ့တယ်လေ"

"အဖေနဲ့ အမေနဲ့က စာမတက်ဘူးလေ။ မင်းစာကို ဘယ်လိုလုပ် နားလည်မှာလဲ? အရမ်းစိတ်လောတာပဲ။ ကလေးလေးကျနေတာပဲကွာ"
ကျန်းကျားဆန်းက သူမအား အရမ်းချစ်နေသလို ပြောနေပင်မယ့် သူ့စကားတွေကတော့ သူမအား နှိမ်နေခြင်း ဖြစ်သည်။

ဇာမဏီလိုကောင်စုတ်/ဇာမဏီလိုကောင်စုတ် (Realm 14)Hikayelerin yaşadığı yer. Şimdi keşfedin