7

6.4K 914 8
                                        

Unicode Ver

၇။ ကံကောင်းခြင်းအတွက် တန်ကြေး

ကျန်းကျားဆန်းသည် ပြောစရာမလိုအောင်ကို ဇာမဏီဌက်လိုလူဖြစ်သည်။ တောင်တွေထက်ကိုပျံသန်းကာ မီသားစုအတွက် မျှော်လင့်ချက်ဖြစ်စေမည့် ရွှေရောင်ဇာမဏီဌက်လိုလူဖြစ်သည်။

သူဟာညဏ်ကောင်းကာ အလုပ်လည်း ကြိုးစားသည်။ သူ့စိတ်သည် အလွန်မာလှပြီး တာဝန်ယူစိတ်လည်း ကြီးသောကြောင့် ကျန်းမိသားစုတစ်ယောက်ချင်းစီ၏ ပျော်ရွှင်မှုက သူ့နှင့်သက်ဆိုင်သလို ခံစားရခြင်းဖြစ်သည်။ သူအောင်မြင်သည့်အခါ သူ့မိသားစုကို သူထောက်ပံ့နိုင်သည်။ ဇာမဏီဌက်လို သူ့၏အနောက်တွင် သူ့အကူအညီကို လိုအပ်သည့် မိသားစုတစ်ပြုံတစ်မကြီးက ရှိနေသည်။

သို့သော်လည်း သူ့မိန်းမဖြစ်သည့် မူလကိုယ်အတွက်တော့ ဘယ်လိုတာဝန်ယူမှုမျိုးမှ မရှိပါ။ မြောက်မိသားစုဟာ သူ့အောင်မြင်မှုအတွက် စပရိန်ခုံတစ်လုံးလိုပင်။

ကျန်းကျားဆန်းက မြောင်မိဘနှစ်ပါးက သူ့အာနှိမ်ခြင်းများကို သည်းခံသည်။ ပုံမှန်လူတစ်ယောက် သည်းမခံနိုင်သည့် အတိုင်းအတာအထိ သူသည်းခံသည်။ သို့သော်လည်း ဒီလိုသည်းခံရသမျှကို ရင်ထဲတွင် တေးမှတ်ထားခြင်းသာ ဖြစ်သည်။

သူ့သည် စိတ်အထိအခိုက်မခံနိုင်သည့် လူတစ်ယောက်ဖြစ်သည်။ အထူးသဖြင့် သူ့မာနနှင့် ပတ်သက်လာတိုင်း ဖြစ်တတက်သည်။ ထို့ပြင် သူများထက် သာချင်စိတ်ကလည်း ရှိနေသေးသည်။

မြောင်အမေက ခေါင်လွန်းသည့်ရွာတွင် သူ့သမီးလေး ဒုက္ခခံခဲ့ရသည်များကို ရင်နာလွန်းသောကြောင့် ဟင်းပွဲအများကြီးချက်စေကာ သူကိုယ်တိုင်ပါ ဝင်ချက်တော့သည်။

နဥ်ရှုက စားပွဲပေါ်က ဟင်းများကို တွေ့သည့်အခါ ပါးစပ်ကနေ သားရေထွက်ကျတော့မတက် ဖြစ်သွားသည်။ ရွာတွင် အစားအသောက်ကောင်းဟူ၍ သူမကိုမကျွေးသောကြောင့် သူမ၏ဗိုက်ကလေးအား နှိပ်ဆက်နေသလို ခံစားခဲ့ရခြင်း ဖြစ်သည်။

နဥ်ရှုသည် ကျေနပ်အားရစွာဖြင့် သန့်ရှင်းသည့် အစားအသောက်များကို စားတော့သည်။ မြောငာမိဘများကလည်း သူတို့သမီးလေး၏ ပန်းကန်ထဲသို့ ဟင်းထပ်ထည့်ပေးနေကြသည်။

ဇာမဏီလိုကောင်စုတ်/ဇာမဏီလိုကောင်စုတ် (Realm 14)Место, где живут истории. Откройте их для себя