54

4.9K 847 16
                                    

Unicode Ver

၅၄။ ကိုယ့်အိမ်က ပိုက်ဆံတွေယူသုံးခြင်း

ကျန်းမိသားစုအား အစည်းအဝေးအခန်းထဲသို့ ခေါ်လိုက်သည်။ နဥ်ရှုဝင်လိုက်သည့်အချိန်တွင် ကျန်းကျားဆန်း၏အမေက နှပ်ချေးကို လက်ဖြင့်ညှစ်ကာ ကြမ်းပြင်ပေါ်သို့ ခါချနေသည်။

နဥ်ရှု : . . .

နဥ်ရှုဝင်လာသည်ကို မြင်သည့်အခါ ကျန်းမိသားစုတို့က မျက်နှာဖျော့သွားကြသည်။ ကျန်းညီမလေးတောင်မှ ဒီအခြေအနေက ဆိုးနေမှန်းကို နားလည်သေးသည်။ သူမ၏အကိုမရှိလျှင် သူမလိုချင်တာဝယ်ဖို့ ပိုက်ဆံပေးမည့်သူ မရှိတော့ပေ။ ဒီမြို့ကြီးတွင် ပစ္စည်းကောင်းများကာ ဈေးလည်းကောင်းသည်။

ကျန်းညီမလေးက နဥ်ရှုအား
"အမကြီးမြောင် အကိုကြီးက ဘာဖြစ်လို့ အဖမ်းခံရတာလဲ?"

နဥ်ရှုက လေပြေလေးဖြင့်
"ကုမ္ပဏီက ဘဏ္ဌာငွေတွေကို အလွဲသုံးစားလုပ်တာ တိုင်ခံရလို့"

"ဘာကို အလွဲသုံးစား လုပ်ရမှာလဲ? ညည်းနဲ့ ကျားဆန်းက လက်ထပ်ပြီးသား။ တစ်မိသားစုတည်း ဖြစ်နေပြီ။ ဒီကုမ္ပဏီက ကျားဆန်းပိုင်တာပဲ။ ကိုယ့်အိမ်ကပိုက်ဆံကို သုံးတာက အလွဲသုံးစားလုပ်တယ် ဘယ်ခေါ်မလဲ?"
ကျန်းကျားဆန်း၏ အဖေက အေးစက်စွာ ပြောသည်။

"ဒါက အလွဲသုံးစားလုပ်တာ လုံးဝမဟုတ်ရပါဘူးတော်! ချွေးမ ဒါငါတို့ ရန်ဖြစ်နေရမယ့် အချိန်မဟုတ်ဘူး။ ကျားဆန်းကို အမြန်သွားထုတ်ပေးဖို့ပဲ အခုအရေးကြီးတာ"
ကျန်းကျားဆန်း၏ အမေသည် ကောင်းကင်ကြီးပြိုသလို ငိုကြွေးရင်း နဥ်ရှုအား အပြစ်တင်နေသေးသည်။ ကျန်းမိဘနှစ်ယောက်ကို ယှဥ်ကြည့်လျှင် ကျန်းကျားဆန်းအဖေ၏ အပြုအမူကမှ တော်သေးသည်။

ထန်ဟီယု အဖမ်းခံရတုန်းက ကျန်းကျားဆန်း၏ အဖေသည် အမိန့်ပေးသလို ပြောဆိုခဲ့သော်လည်း အခုတော့ ကြည်ကြည်သာသာ ဖြစ်လာပြီ။

ကျန်းကျားဆန်း၏ အဖေအမြင်အရကျန်းကျားဆန်းကသာ မိသားစုတွင် အရေးကြီးဆုံး ဖြစ်သည်။ ကျန်းကျားဆန်း၏ အမေက ရဲဆိုးလုပ်ကာ အဖေက ရဲကောင်းလုပ်တမ်း နဥ်ရှုဖြင့် လာကစားနေတာ ဖြစ်နိုင်ပါသည်။

ဇာမဏီလိုကောင်စုတ်/ဇာမဏီလိုကောင်စုတ် (Realm 14)Donde viven las historias. Descúbrelo ahora