51

5.5K 911 17
                                        

၅၁။ ကျန်းကျားဆန်း ပြန်လာပြီလား?

'ဘဏ္ဌာငွေ အလွဲသုံးစားလုပ်မှုနဲ့ လာဘ်စားတာ?
ဘာတွေဖြစ်နေတာလဲ?
ဘာဖြစ်လို့ ဒီလိုဖြစ်လာတာလဲ?'

ကျန်းကျားဆန်း၏ ပထမဆုံးအတွေးမှာ သူ့အားရွှယ်မန်မန်က သစ္စ်ဖောက်သွားခြင်းပင်။ ရွှယ်မန်မန်ကလွဲ၍ ဒီကိစ္စများကို သိသူမရှိပေ။

ကျန်းကျားဆန်းက အစည်းအဝေးခန်းမှ ဖမ်းခေါ်သွားသည့်အခါ လူမျိုးစုံ၏ အကြည့်မျိုးစုံဖြင့် သူကြုံတွေ့ရသည်။ ဒါက ကျန်းကျားဆန်းအား အသေသတ်နေသလို ခံစားရသည်။

ခုနတုန်းက သူသည် အာဏာအရှိဆုံး CEOဖြစ်နေပါလျက် အခုတော့ ထောင်ထဲသို့ သူသွားရတော့မည်။

ဘေးတွင် ချက်ချင်းဝင်ပုန်းခဲ့သည့် ရွှယ်မန်မန်မှာ မျက်နှာဖြူဖပ်သွားလေပြီ။ သူမသည် အိတ်ကိုသယ်ကာ သူတိုးစံအိမ်သို့ အမြန်သွားတော့သည်။

ပထမဆုံး သူမ၏လုပ်ရပ်မှာ စားပွဲပေါ်က ရတနာပစ္စည်းများနှင့် အလှကုန်ပစ္စည်းများကို ခရီးဆောင်အိတ်ကိုဖွင့်ကာ ထည့်လိုက်ခြင်းသာ။ ထို့နောက် ဗီရိုကိုဖွင့်ကာ အဝတ်တိုင်းကိုယူထည့်သည်။ မဆန့်တော့သည့်အခါ နောက်ထပ် အိတ်တစ်လုံးကိုဖွင့်ကာ ဖိနပ်တွေပါထည့်လေသည်။ ထို့နောက် ရေချိုးခန်းသို့ဝင်ကာ ဆပ်ပြာကအစ အကုန်သိမ်းလိုက်တော့သည်။

ဒီအိမ်မှာနေသည့် အရိပ်အယောင် တစ်ခုမှမကျန်အောင် ဖျောက်နေသည်။ သို့သော် ဒီပစ္စည်းတိုင်းက ရွှယ်မန်မန်၏ အမက်ဆုံးအရာများ ဖြစ်နေခြင်းကလည်း ပါသေးသည်။

ရွှယ်မန်မန်သည်ရင် အရမ်းတုန်နေသည်။ ကျန်းကျားဆန်းကို ဖမ်းခေါ်သွားသည်ကို သူမ၏ခေါင်းထဲက ထုတ်မရပေ။ ထို့ကြောင့် သူမကိုသူမ စိတ်ငြိမ်ရန် ဖြေတွေးရတော့သည်။

'ရပါတယ်။ အကုန်အဆင်ပြေသွားမှာပါ။ ကျန်းကျားဆန်းက တော်တဲ့သူပဲ။ ပြီးတော့ မြောင် မြောင်မြောင်လည်း ရှိသေးတာပဲ။ မြောင် မြောင်မြောင်က ကျန်းကျားဆန်းကို ရူးခါနေအောင်ချစ်တာ။ သူကတော့ သေချာပေါက် ရအောင်ထုတ်ပေးမှာပဲ'

'ကျန်းကျားဆန်းရဲ့ အနောက်မှာ မြောင်မိသားစု ရှိတယ်။ မြောင်မိသားစုက ဝင်ပါလိုက်တာနဲ့ ကျန်းကျားဆန်းက အဆင်ပြေသွားမှာ'

ဇာမဏီလိုကောင်စုတ်/ဇာမဏီလိုကောင်စုတ် (Realm 14)Место, где живут истории. Откройте их для себя