38

5.3K 876 17
                                    

Unicode Ver

၃၈။ အန်တီပင်းက အဖမ်းခံရပြီ

အန်တီပင်းက နဥ်ရှုပြောသည်ကို ကြားသည့်အခါ တုန်ရီသွားကာ
"တောင်းပန်ပါတယ်။ မရည်ရွယ်ပါဘူး။ နကယ် မရည်ရွယ်ခဲ့မိပါဘူး"

အန်တီပင်းက တောက်လျှောက် တောင်းပန်နေကာ သူမ၏အပြစ်ကိုတော့ မဝန်ခံပေ။

ရဲတွေရောက်လာသည့်အခါ နဥ်ရှုက ဖြစ်သမျှအကြောင်း ပြောပြလိုက်သည်။ ထို့နောက် အန်တီပင်းအား ဖမ်းခေါ်သွားတော့သည်။

ထို့နောက်တွင်တော့ အမေမြောင်သည် သံသယလွန်ကဲလာကာ အခြားအိမ်ဖော်များကိုလည်း မယုံရဲတော့ပေ။ မီးဖိုခန်းကို မဝင်စေတော့ဘဲ သူမကိုယ်တိုင်သာ ဝယ်ခြမ်းကာချက်ပြုတ်တော့သည်။

နဥ်ရှုက ဘဏ်တွင်အပ်ခဲ့သမျှ သက်သေတိုင်းကို အဖေမြောင်ဆီသို့ ပေးလိုက်သည်။
"ဖေဖေ သမီးကျန်းကျားဆန်းနဲ့ ကွာရှင်းချင်တယ်။ ဒါပင်မယ့် ဒီတိုင်းတော့ လွှတ်မပေးနိုင်ဘူး။ အန်တီပင်းကိစ္စက သူနဲ့တစ်နည်းနည်း ပက်သတ်နေလောက်တယ်။ ဒီဇိုင်းခိုးခံရတာကလည်း သူနဲ့မကင်းဘူး"

အဖေမြောင်က သက်သေများကိုကြည့်ပြီးနောက် USBကို ဖွင့်ကြည့်သည့်အခါ မျက်နှာမှာ ခရမ်းရောင်သန်းသွားသည်။ နဥ်ရှုက ကျောကိုပွတ်ပေးကာ အသက်ရှုစေရင်း
"ဖေဖေ  စိတ်မတိုပါနဲ့တော့။ အနည်းဆုံးတော့ သူဘယ်လိုလူလဲဆိုတာကို သမီးတို့ သိရပြီပဲ"

"မျက်ဖြူဝံပုလွေက မကျေနပ်နိုင်သေးဘူးပဲ"
အဖေမြောင်က ဒေါသတကြီး ပြောသည်။ အဖေမြောင်က ဒီလိုနေရာအထိရောက်အောင် တစ်ဆင့်ချင်းစီ ကြိုးစားတက်ခဲ့ရသူ ဖြစ်သောကြောင့် ကျန်းကျားဆန်း၏ အကြံတို့ကို ခနတွေးကြည့်ရုံဖြင့် သိနိုင်သည်။

နဥ်ရှုမှာက အစီအစဉ်ရှိပြီးသား ဖြစ်သည်။ ချက်ချင်းကွာရှင်းလိုက်ပါက ကျန်းကျားဆန်းက သူ့ရပိုင်ခွင့်ကို တောင်းနေမှာ ဖြစ်သည်။ နဥ်ရှု၏ ရည်ရွယ်ချက်က ကျန်းကျားဆန်းအား အရာအားလုံး ဆုံးရှုံးသွားကာ ဒီလိုအနေအထားမျိုးကို ထပ်မရောက်နိုင်အောင် လုပ်ဖို့ဖြစ်သည်။

စံအိမ်ကောင်းကြီး. . .အောင်မြင်မှု. . .လေးစားခံရမှု. . .ကျန်းကျားဆန်းသည် ထိုအရာများကို ဘာမှမကြိုးစားဘဲ ရခဲ့တာဖြစ်သည်။ နဥ်ရှုက ဒီအရာများကို ကျန်းကျားဆန်း၏ဘဝထဲက အပြီးအပိုင်ထုတ်ပစ်လိုက်မှာပဲ ဖြစ်သည်။

ဇာမဏီလိုကောင်စုတ်/ဇာမဏီလိုကောင်စုတ် (Realm 14)Nơi câu chuyện tồn tại. Hãy khám phá bây giờ