20

6.3K 944 34
                                        

Unicode Ver

၂၀။ ဒါကျွန်မအိမ်

မြောင်မြောင်သည် သူဌေးသမီးလေး ဖြစ်သော်လည်း သူမ၏လက်များကို အစိုခံကာ ကျန်းကျားဆန်းအား ချက်ပေးခဲ့သည်။ သို့သော် ကျန်းကျားဆန်းကတော့ ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ပေ။

ကျန်းကျားဆန်းက ချက်ပြုတ်ပြီးသည့်အခါ စားစရာများကို ထမင်းစားစားပွဲပေါ်သို့ တင်လိုက်သည်။ ထိုအခါ အိမ်တွင်ရောက်နေသည့်သူတိုင်းက ဝိုင်းထိုင်လိုက်ကြသည်။

နဥ်ရှုမှာ ထိုင်စရာနေရာတောင် မရှိပေ။ ထို့ကြောင့် သူမသည် ဘာကိုမှပြောမနေတော့ဘဲ အိတ်ကိုဆွဲကာ ထွက်သွားရန် ပြင်သည်။
'ငါနင်တို့ တစ်ယောက်ချင်းစီကို ကန်မထုတ်ခင် ကျန်းကျားဆန်း. . .နင်စိတ်တိုင်းကျ နေဦးပေါ့ဟာ'

ကျန်းကျားဆန်းသာ မရှိတော့လျှင် ဒီလူတွေမှာ နောက်ခံမရှိတော့ပေ။

ကျန်းကျားဆန်းက နဥ်ရှုထွက်သွားတော့မည်ကို မြင်သည့်အခါ သူမ၏လက်ကို ဖမ်းဆွဲထားလိုက်သည်။ ဒေါသထွက်နေလောက်သဖြင့် သူမကိုဖမ်းထားသည့်လက်တွင် အားပါနေသည်။ နဥ်ရှုကလည်း နာသွားသဖြင့် ချက်ချင်းပြောလိုက်သည်။
"ဘာလုပ်နေတာလဲ? နာတယ်!"

ထမင်းစားစားပွဲက လူတွေက သူတို့အား  ကြည့်လာသည့်အခါ ကျန်းကျားဆန်းက အားကိုလျှော့လိုက်သည်။
"ညစာစားချိန်ရောက်နေပြီ။ ဘယ်ကိုသွားမလို့လဲ?"

"ယောင်းမလေး ဒီမှာထိုင်လေ"
ကျန်းဝမ်လန်က ခုံမှချက်ချင်းထကာ နဥ်ရှုအား နေရာဖယ်ပေးသည်။

ကျန်းကျားဆန်းက နဥ်ရှုအား ငြင်းချိန်တောင်မပေးဘဲ သူ့ဘေးက ခုံမှာအတင်းထိုင်ချစေသည်။ သူက စားပွဲခုံအောက်တွင် နဥ်ရှု၏လက်ကို တင်းတင်းဆုပ်ကိုင်ထားကာ နဥ်ရှုအား ဖိအားပေးနေသည်။

နဥ်ရှုက ကျန်းကျားဆန်း၏ လက်ကနေ ရုန်းထွက်ကာ ပြန်ထရပ်လိုက်ပြီး ကျန်းဝမ်လန်အား
"အမပဲ ထိုင်လိုက်ပါ။ ကလေးတစ်ဖက်နဲ့ကို"

"ရပါတယ်။ ယောင်းမလေးသာထိုင်။ အမတို့က ဒီတိုင်းရပ်စားလို့ရတယ်"
ကျန်းဝမ်လန်က လက်ကိုကာပြရင်း သိမ်ငယ်စွာ ပြောသည်။

ဇာမဏီလိုကောင်စုတ်/ဇာမဏီလိုကောင်စုတ် (Realm 14)Donde viven las historias. Descúbrelo ahora