53

5.7K 916 15
                                        

Unicode Ver

၅၃။ ကျန်းမိသားစု၏ နောက်ငိုပွဲ

လူတိုင်းက အောင်မြင်ချင်ကြတာပဲ ဖြစ်သည်။ ကျန်းကျားဆန်းကသာ မြောင်မြောင်အား စာနာကာ ဆက်ဆံခဲ့လျှင် သူတို့အိမ်ထောင်ရေးက ပျော်ရွှင်မှုဖြင့် ပြည့်ဝနေမှာ ဖြစ်သည်။

သို့သော်လည်း ကျန်းကျားဆန်းသည် မြောင်မြောင်ကို အသုံးချခဲ့ရုံတင်မကဘဲ နာကျင်အောင် လုပ်ခဲ့သည်။ သူမပိုင်ဆိုင်သမျှကိုလည်း ခိုးယူသွားခဲ့ပြန်သည်။

'သူကိုယ်တိုင်က သူများကို ထိခိုက်နာကျင်အောင် လုပ်နေပြီးတော့မှ သူကပဲ မတရားခံရတဲ့သူလိုလုပ်နေတာ အရှက်မရှိဘူးလား?'

ဒီလမ်းကို သူပဲရွေးချယ်ခဲ့တာ ဖြစ်သည်။ မြောင်မြောင်နှင့် သူပဲလက်ထပ်ချင်ခဲ့တာ ဖြစ်သည်။ သို့သော် သူကအတင်း လက်ထပ်ခံရသူလို လုပ်နေသည်။ မြောင်မိသားစုက သူ့သိက္ခာကို စွန့်ပစ်ကာ မြောင်မြောင်အား လက်ထပ်စေသလို လုပ်နေခြင်း ဖြစ်သည်။

သူ့မာန အသေးအမွှားလေးနှင့် သူ့အမျိုးချစ်တက်သည့် စိတ်တို့ကြောင့် မြောင်မြောင်၏ ပျော်ရွှင်စရာဘဝလေးကို သူဖျက်စီးခဲ့သည်။ ဘာမှမကျန်တော့သည့် မြောင်မြောင်လေးမှာတော့ သနားစရာ့haloကြီးကို မခံစားနိုင်တော့တာ မထူးဆန်းပေ။

ဘယ်သူကမှ ဒီနေရာကို မိန်းမအားကိုး၍ ရောက်လာသည်ဟု ထပ်အပြောမခံရစေရန် ကျန်းကျားဆန်းသည် အောင်မြင်မှုရသည်နှင့် အရင်သူခံစားခဲ့ရသည့် အနှိမ်ခံရမှုများကို အားသုံးကာ ဖယ်ရှားခဲ့သည်။

ဒီလိုလူမျိုးက psychopathဖြစ်သည်။

ကျန်းကျားဆန်းက နဥ်ရှုအား အကူအညီတောင်းသော်လည်း နဥ်ရှုကတော့ အလုပ်များနေသဖြင့် တစ်စက္ကန့်အတွင်း မေ့သွားသည်။ နေ့တိုင်း သူမအလုပ်ရှုပ်နေသမျှသည် ကုမ္ပဏီကို ပြန်ထိန်းချုပ်နိုင်ဖို့သာ ဖြစ်တော့သည်။

သို့သော်လည်း ကျန်းကျားဆန်းကတော့ နေ့တိုင်းဖုန်းဆက်ကာ အကူအညီတောင်းသည်။ နဥ်ရှုမှာ တခြားနည်းကြံရတော့သည်။ ကျန်းကျားဆန်းသည် အစပိုင်းတွင် ညင်ညင်သာသာ အကူအညီတောင်းသော်လည်း နဥ်ရှု၏ စိတ်မပါသလို ပါသလို တုန့်ပြန်မှုတွေကြောင့် စိတ်မရှည်ဖြစ်တော့သည်။

ဇာမဏီလိုကောင်စုတ်/ဇာမဏီလိုကောင်စုတ် (Realm 14)Where stories live. Discover now