35

6K 953 31
                                        

Unicode Ver

၃၅။ မုန်းတဲ့သူတွေကိုပြောတာလေ

မရပ်မနား အလုပ်များ လုပ်ပြီးသည့်အခါ ဒီဇိုင်းအသစ်များ ပြီးစီးသွားခဲ့သည်။ ထိုအခါ စက်ရုံကိုပို့၍ နွေရာသီဒီဇိုင်းများကို ထုတ်လုပ်တော့သည်။

အဖေမြောင်က ကျန်းကျားဆန်း၏ အမေအကြောင်းကို ကြားသွားသည့်အခါ နဥ်ရှုအိမ်ပြန်ရောက်ရောက်ချင်း
"ဘာဖြစ်လို့ ပြောမပြတာလဲ? အဲ့ဒီမိသားစုက မိမစစ်ဖမစစ်တွေကြီးပဲ!"

"ဒီလိုမှန်းသာသိခဲ့ရင် သမီးလေးကို အဲ့ဒီလိုလူနဲ့ လက်ထပ်ဖို့ ခွင့်ပြုပေးမှာ မဟုတ်ဘူး"
အမေမြောင်ကလည်း ဒေါသတကြီးပြောသည်။

အဖေမြောင်သည် ဒေါသထွက်လွန်း၍ မျက်နှာမှာ ခရမ်းရောင်သန်းလာသည်။ နဥ်ရှုက ဒါကိုမြင်သော် အဖေမြောင်အား အမြန်စိတ်လျော့ခိုင်းရတော့သည်။

အဖေမြောင်သည် စိတ်ကြီးလာသဖြင့် သွေးတိုးလာပုံရသည်။ နဥ်ရှုက အမေမြောင်အား အမြန်အော်ပြောလိုက်သည်။
"မေမေ အပ်သွားယူပေးပါလား"

အမေမြောင်ကလည်း မူမမှန်တာကို သတိထားမိသည့်အခါ ချက်ချင်းယူပေးသည်။ နဥ်ရှုက အပ်ဖြင့် အဖေမြောင်၏ လက်မနှင့်လက်ညိုးကြားကို စိုက်ချလိုက်သည့်အခါ သွေးတို့က ထွက်လာသည်။

သွေးထွက်လာမှ မျက်နှာအရောင်မှာလည်း ခရမ်းရောင်မသန်းတော့ပေ။

အမေမြောင်က စိုးရိမ်တကြီးဖြင့်
"ယောက်ျား အဆင်ပြေရဲ့လား?"

အဖေမြောင်သည် မူးဝေသွားကာ ဆိုဖာပေါ်တွင်လှဲရင်း အသက်မနည်းရှုနေရသည်။ နဥ်ရှုမှာ အဖေမြောင်၏လက်ကို နှိပ်ပေးလိုက်သည်။

အမေမြောင်ကတော့ ရေပတ်ဝတ်တစ်ခုဖြင့် အဖေမြောင်၏ မျက်နှာမှ ချွေးသီးချွေးပေါက်များကို သုတ်ပေးသည်။ သူမ၏မျက်လုံးတွင်တော့ မျက်ရည်တို့က ဝဲနေသည်။

နဥ်ရှုမှာ မျက်မှောင်ကျုံလိုက်သည်။ သူမသည် အခုတလော ဒီဇိုင်းကိစ္စဖြင့် လူရောစိတ်ရော ပင်ပန်းနေခဲ့တာ ဖြစ်သည်။ အိမ်ကိုလည်း ညဥ့််နက်မှ ပြန်ရောက်သဖြင့် အမေမြောင်ကသာ အဖေမြောင်အတွက် အစားအသောက် ပြင်ဆင်ပေးနေရသည်။

ဇာမဏီလိုကောင်စုတ်/ဇာမဏီလိုကောင်စုတ် (Realm 14)Where stories live. Discover now