55

5.4K 843 15
                                        

Unicode Ver

၅၅။ ကောင်းကင်တစ်ဝက်ကို ကိုင်တွယ်ခြင်း

သူက ပထမကလေးကို မြောင်မျိုးရိုး ထားမည်ဟု ပြောသော်လည်း နဥ်ရှုကတော့ ကျန်းကျားဆန်းကိုတောင်မှ မလိုချင်တော့တာဖြစ်သည်။
'ဒါကို အဲ့ဒီအကောင်ရဲ့ ကလေးကို မွေးပေးစရာလား?'

'ဘာဖြစ်လို့ ဒီမိသားစုက ကျန်းကျားဆန်းကို ငါကအသည်းအသန်ဖြစ်နေမယ်လို့ ထင်နေကြတာလဲ? မြောင်မိသားစုကြောင့်သာမဟုတ်ရင် ကျန်းကျားဆန်းက ဘာမှမဟုတ်ဘူး။ ငွေလည်းမရှိ အဆင့်အတန်းလည်းမရှိတဲ့ အမှိုက်သာသာပဲ'

သို့သော်လည်း ကျန်းမိသားစုက ကျန်းကျားဆန်း ဘာပဲ​ဖြစ်ဖြစ် သူမက သေသည့်တိုင်အောင် သူ့အား သစ္စာရှိနေမည်ဟု ခံစားနေကြပုံရသည်။

နဥ်ရှုက ရယ်ချင်လာသည်။ ကွန်ဖြူးရှပ်၏ ကိုယ့်ကျင့်တရားများကို လိုက်နာကျင့်ကြံကြသည့် ရှေးခေတ်သို့ သူမရောက်သွားသလို ခံစားလိုက်ရသည်။ အချိန်တွေ ပြောင်းလဲလာသည့်တိုင်အောင် တချို့အတွေးအခေါ်တွေက ရှေးရိုးစွဲနေကြသေးသည်။ တချို့နေရာတွေဆိုလျှင် အမျိုးသမီးတို့က ထမင်းစားပွဲတွင် အတူထိုင်စားခွင့်မရသည်တို့တောင် ရှိနေသေးသည်။

ဘယ်ခေတ်ပဲဖြစ်ပါစေ လူတို့သည် အမျိုးသမီးများအပေါ်တွင် တင်းကြပ်နေကြဆဲ ဖြစ်သည်။ အရင်ခေတ်က အမျိုးသမီးတွေထက် အခုခေတ်အမျိုးသမီးတွေက ပို၍တောင် ပျော်ရွှင်စွာ မရှင်သန်နိုင်ကြတော့ပေ။

အခုခေတ် အမျိုးသမီးတို့က ကလေးမွေးရသည်။ ကလေးထိန်းရသည်။ အိမ်မှုကိစ္စတွေကိုလည်း ထိန်းသိမ်းရသည်။ အလုပ်လည်း လုပ်နေရသေးသည်။

'မိန်းမတစ်ယောက်က ကောင်းကင်တစ်ဝက်လောက်ကို ကိုင်တွယ်နိုင်တယ်လို့ ပြောကြတယ်မလား? ဒါဆိုရင် အခုကိုင်တွယ်လိုက်တော့'

ကျန်းကျားဆန်း၏ အမေက ကလေးမျိုးရိုးကို မြောင်ထားမည့်အကြောင်း ကြားရသည့်အခါ မျက်နှာမှာ ဆိုးဆိုးဝါးဝါး ပျက်ယွင်းသွားသည်။ သို့သော်လည်း သူမ၏အမြင်ကို ထုတ်မပြောရဲပေ။ ကျန်းအဖေက ဒီမိသားစုတွင် အာဏာအရှိဆုံး ဖြစ်သောကြောင့်ပင်။

ဇာမဏီလိုကောင်စုတ်/ဇာမဏီလိုကောင်စုတ် (Realm 14)Место, где живут истории. Откройте их для себя