43

5.6K 882 18
                                        

Unicode Ver

၄။ ကုမ္ပဏီမှာ မလုပ်နိုင်တော့ဘူး

အန်တီပင်းက သူ့သားကိုမြင်သည့်အခါ အော်ငိုတော့သည်။ သူတို့သားအမိသည် မှန်ခြားပြီးထိုင်နေကာ ဖုန်းကနေတစ်ဆင့် စကားပြောရသည်။ အန်တီပင်း၏သားက လူသတ်သမား၏သားဖြစ်လာလိမ့်မည်ဟု သူမထင်ခဲ့ပေ။

'ငါဘယ်လိုလုပ်ရမလဲ? အမေက ဘာတွေလုပ်ခဲ့တာလဲ? ငါတို့မိသားစု ဘယ်လိုလုပ်ကြမလဲ? ငါ့ကျောင်းကရော ဆက်တက်လို့ ရပါတော့မလား? သူငယ်ချင်းတွေသာ ငါ့အမေက လူသတ်သမားမှန်းသိသွားရင် ဘယ်လိုလုပ်မလဲ?'

အတွေးပေါင်းများစွာဖြင့် သူ့ခေါင်းထဲတွင်ရှုပ်ထွေးသွားကာ
"အမေ ဘာဖြစ်လို့ ဒီလိုလုပ်တာလဲ?"

အန်တီပင်းက ရှိုက်ငိုလို့သာနေသည်။ ဘာကိုမှ ပြန်မပြောပေ။

နဥ်ရှုက သူမ၏ဘေးမှ ကျန်းကျားဆန်းကို ကြည့်လိုက်သည်။
'တကယ်တော်တာပဲ'

'ဒါပင်မယ့်လည်း လူသေရဲ့ ပါးစပ်ကသာ ပိတ်ထားနိုင်မယ်။ ရှင်နေတဲ့သူကတော့ အနှေးနဲ့အမြန် ပြောလာမှာပဲ'

နဥ်ရှုက လှည့်ထွက်သွားသည်။ ကျန်းကျားဆန်းသည် နဥ်ရှု၏အနောက်သို့လိုက်ကာ ရဲစခန်းထဲမှ ထွက်လာသည်။

နဥ်ရှုက ရုတ်တရပ်လှည့်လာကာ ကျန်းကျားဆန်းအား
"ကျားဆန်း ကျွန်မ ကုမ္ပဏီမှာ မလုပ်နိုင်တော့ဘူး"

ကျန်းကျားဆန်းသည် အနည်းငယ်အံ့သြသွားသည်။
'ဒီမိန်းမက ခုနတုန်းကအထိ တက်ကြွဖျတ်လတ်နေပြီးမှ အခုလက်လျော့လိုက်ပြီလား?'

ကျန်းကျားဆန်းသည် နဥ်ရှုအား မျက်လုံးမှေးကျဥ်းပြီးကြည့်ကာ
"ဘာဖြစ်လို့လဲ? ဘာဖြစ်လို့ ကိုယ့်ချစ်ဇနီးလေးက ရုတ်တရပ် စိတ်ပျက်သွားရတာလဲ?"

နဥ်ရှု : ဂါး!!!

"ဒီတိုင်း ပင်ပန်းလာလို့ပါ။ လုပ်နိုင်မယ် မထင်တော့ဘူး။ ဖေဖေရဲ့ ကျန်းမာရေးက မကောင်းဘူးလေ။ အဲ့ဒါကြောင့် အိမ်မှာပဲ စောင့်ရှောက်ပေးရအောင်လို့။ကုမ္ပဏီကိစ္စတွေက တကယ်ကြီးပင်ပန်းတယ်"

ကျန်းကျားဆန်းက သဘောတကျရယ်သည်။ ထို့နောက် ဆွဲဆောင်မှုရှိသည့် အသံနိမ့်နိမ့်ဖြင့် ရယ်နေရင်းမှ
"ဒါလည်းကောင်းပါတယ်။ ကိုယ့်တို့ကလေးယူလို့ရပြီပေါ့"

ဇာမဏီလိုကောင်စုတ်/ဇာမဏီလိုကောင်စုတ် (Realm 14)Where stories live. Discover now