15

6.4K 962 33
                                        

Unicode Ver

၁၅။ လိမ်ညာ၍လက်ထပ်ခြင်း

"တခြားနာမည်တွေရော စာချုပ်မှာပါလား သိချင်တယ်"
နဥ်ရှုက ရွှယ်မန်မန်၏နာမည်လည်း အိမ်ခြံမြေစာချုပ်တွင် ပါသလား သိချင်နေသည်။

"ရတဲ့နည်းနဲ့ အိမ်ခြံမြေစာချုပ်ကို မိတ္တုကူးပြီးရင် အကြောင်းကြားလိုက်မယ်"
စုံထောက်က နဥ်ရှု၏ငွေကို လက်ခံလိုက်သည်။

နဥ်ရှုက ဓာတ်ပုံများကို ဖိုင်ထဲသို့ ပြန်ထည့်လိုက်ပြီးနောက်
"ရွှယ်မန်မန်ရဲ့အကြောင်း ပြောပြဦး"

စုံထောက်က နဥ်ရှုကိုကြည့်ကာ
"ကျန်းကျားဆန်းနဲ့ ရွှယ်မန်မန်တို့က တက္ကသိုလ်တက်တုန်းက တွဲခဲ့တာ။ နောက်တော့ ပျက်သွားကြတယ်ထင်တယ်။ သူကမင်းနဲ့လက်ထပ်လိုက်တာပဲ။ မင်းနဲ့သူလက်ထပ်ပြီးတာနဲ့ ရွှယ်မန်မန်က ကျန်းကျားဆန်းရဲ့ အတွင်းရေးမှူးဖြစ်လာတယ်"

"ပျက်သွားတယ်ထင်တာလား? ပျက်သွားတဲ့ပုံလည်း မရပါဘူး"
နဥ်ရှုက စုံထောက်အား
"ထပ်ပြီးတော့ စုံစမ်းပေး"

ဘာမှမရှိဘူးဆိုရင် နဥ်ရှုက ချီးတောင်းစားပြနိုင်သည်။ ကျန်းကျားဆန်းက လက်ထပ်ပြီးကာစ ဇနီးလေးကို ရွာမှာပို့ထားပြီး သူကတော့ ရွှယ်မန်မန်နဲ့ ပျော်ပါးနေတာ ဖြစ်နိုင်သည်။

ဒါဟာ မူလကိုယ်အား လိမ်ညာ၍ လက်ထပ်ခဲ့ခြင်း ဖြစ်သည်။ ရွှယ်မန်မန်ကလည်း ဒါကိုသိနေကာ ကြံရာပါဖြစ်လိမ့်မည်။

"ဟုတ်ပြီ။ မင်းရဲ့ငွေကို လက်ခံပြီးမှတော့ အချက်အလက်တွေကို သေချာပေါက်ရစေရမယ်"
စုံထောက်က ခေါင်းငြိမ့်ကာ ပြောသည်။

"သြော် ရွှယ်မန်မန်ရဲ့ မိသားစုအကြောင်းပါ စုံစမ်းပေးပါဦး"
နဥ်ရှုက ဘာအမှုအရာမှမရှိဘဲ ပြောသည်။

စုံထောက်က ခေါင်းငြိမ့်ကာ
"အင်း"

"ကျန်းကျားဆန်းရော ရွှယ်မန်မန်တို့ကို စုံစမ်းနေတာကို ဘယ်သူမှ မသိပါစေနဲ့"
နဥ်ရှုက မျက်လုံးများကို ကျဥ်းမြောင်းစေကာ ပြောလိုက်သည်။

"စိတ်မပူပါနဲ့။ ငါတို့က ကိုယ့်သိက္ခာကို အကျမခံသလို Proပီပီသသ အလုပ်လုပ်တာပါ"
စုံထောက်က သူမပေးလိုက်သည့် ငွေတစ်ပုံကြီးကိုပိုက်ကာ ထွက်သွားသည်။

ဇာမဏီလိုကောင်စုတ်/ဇာမဏီလိုကောင်စုတ် (Realm 14)Onde histórias criam vida. Descubra agora