57

5.4K 904 16
                                        

Unicode Ver

၅၇။ စိတ်မပူပါနဲ့။ ကူညီမှာပေါ့

အိမ်ကိုရောင်းပြီးသည့်အခါ သဘာဝကျစွာပဲ ကျန်းမိသားစုက ဒီအိမ်တွင် မနေနိုင်တော့ပေ။ ကျန်းကျားဆန်း၏ အမေက အိမ်ထဲက ပရိဘောဂများကို သယ်သွားချင်နေသေးသည်။

ဒါပေမယ့်လည်း ကျန်းကျားဆန်း၏ အဖေက ဒါတွေကို သူတို့မပိုင်တော့ကြောင်း မာန်မဲလိုက်ရသည်။
'ယူသွားလို့ရရင်တောင်မှ ဘယ်နေရာမှာ ငါတို့သွားထားမှာလဲ?'

ရင်နာသောကြောင့် ကျန်းကျားဆန်းအမေ၏ မျက်လုံးများသည် နီရဲလာကာ မျက်နှာကြောမှာလည်း ရှုံ့တွသွားသည်။
'ဒါတွေအကုန်လုံးက ငါ့သားဟာတွေ!'

ကျန်းမိသားစုသည် ကျန်းကျားဆန်း၏ ကိစ္စကို ရှင်းပြီးမှ ရွာကိုပြန်ဖို့ အစီအစဉ်ရှိသောကြောင့် ထိုအိမ်အနီးအနားမှာပဲ အိမ်ဌားနေလိုက်ကြသည်။

ထိုအချိန်တွေအတွင်းမှာ မိသားစု၏ ခေါင်းဆောင်ဖြစ်သည့် ကျန်းကျားဆန်းအဖေ၏ ပုခုံးသည် ဖိအားတို့ကြောင့် လေးလံနေခဲ့သည်။ သူဂုဏ်ယူရသည့် သားမှာ ဒီလိုဖြစ်သွားသည့်အခါ သူတို့ရွာပြန်သည်နှင့် ရွာသားတို့၏ အထင်သေးကာ မေးငေါ့ခြင်းကို ခံရတော့မှာ ဖြစ်သည်။
'ဘယ်လိုလုပ် ဒီလိုဖြစ်ရတာတုန်း!'

တရားမစီရင်ခင်နေ့ရောက်မှ နဥ်ရှုက ကျန်းကျားဆန်းအား သွားတွေ့သည်။ ထိုအခါ သူမသည် လူတောင် မမှတ်မိတော့ပေ။

ကျန်းကျားဆန်းသည် ထောင်သားဝတ်စုံ ဝတ်ထားသည်။ မုတ်ဆိတ်မွေး ပါးသိုင်းမွေးတို့ကလည်း ရှည်နေကာ လူကပိန်ကျသွားသည်။ မျက်လုံးများမှာ သွေးကြောများပေါ်နေအောင် ရဲနေကာ သေသပ်စွာ အမြဲနောက်သို့သပ်တင်ထားသည့် ဆံပင်တို့က စုတ်ဖွာပြီး မျက်စိကိုတောင် ကွယ်လုနီးပါးဖြသ်နေသည်။

လက်ရှိ ကျန်းကျားဆန်းသည် ထောင်ချောက်တွင် မိသွားသည့် သားရဲတစ်ကောင်လို သောကများဖြင့် စိတ်ညစ်ညူးနေပုံရသည်။

ကျန်းကျားဆန်းက နဥ်ရှုကို မြင်သည့်အခါ မျက်လုံးများမှာ ပိုရဲလာပြီး လေသံမာမာဖြင့်
"မြောင်မြောင် ဘာဖြစ်လို့ အခုမှလာရတာလဲ?"

ဇာမဏီလိုကောင်စုတ်/ဇာမဏီလိုကောင်စုတ် (Realm 14)Donde viven las historias. Descúbrelo ahora