52

5K 889 18
                                    

Unicode Ver

၅၂။ မင်းကိုယ့်ကို ကူညီမှရမယ်!

သို့သော်လည်း နဥ်ရှုက စိတ်ထဲမထားပေ။
"ဖေဖေ ဒါကိုသီးသန့်ရှင်းစေချင်တာလား? ကျန်းကျားဆန်းလိုလူမျိုးက သမီးတို့မြောင်မိသားစုရဲ့ အသိုက်ကို မရတော့ရင်တောင် တခြားနေရာကိုသွားပြီးတော့ ပြန်နလန်ထူလာဦးမှာ"

နဥ်ရှုဖြစ်စေချင်တာက ကျန်းကျားဆန်းအား သူ့တစ်ဘဝလုံးတွင် အရိပ်မဲကြီးကျန်စေမည့် ပြစ်မှုကို လူသိရှင်ကြား ဖြစ်စေချင်တာ ဖြစ်သည်။
'ဒီလိုပြစ်မှုဟောင်းရှိတဲ့သူကို ဘယ်ကုမ္ပဏီက အလုပ်ခန့်မှာလဲ? သူများတွေပင်ပင်ပန်းပန်း ကြိုးစားရတာတွေကို ခိုးယူတဲ့သူခိုးကိုလေ'

နောက်ပြီးတော့ ငွေဖြူပြောင်းတဲ့ကိစ္စက ကျန်းကျားဆန်းအတွက် ပထမဆုံး ထိုးချက်ပဲ ရှိသေးသည်။ နောက်လာဦးမှာတွေက အသင့်စောင့်နေသည်။

အဖေမြောင်က အခုမှခေါင်းငြိမ့်ကာ
"ဟုတ်တယ်။ ဒီကောင်ကို လွယ်လွယ်နဲ့ လွှတ်ပေးလိုက်လို့ မရဘူး။ အစောကြီးထဲက သမီးနဲ့ လက်ထပ်ဖို့ကို သဘောမတူလိုက်ရမှာကွာ။ ဒါဆိုရင် ဒါမျိုးတွေ ဖြစ်လာမှာတောင် မဟုတ်ဘူး"

နဥ်ရှုက ဟင်းချိုခပ်ဇွန်းဖြင့် ပန်းကန်လုံးထဲသို့ ဆေးများလောင်းခည့်လိုက်ကာ အဖေမြောင်ကို ပေးလိုက်သည်။
"အဲ့ဒီအချိန်တုန်းက ခွေးချေးပေပြီး သမီးမျက်လုံးတွေက ကန်းနေခဲ့လို့ပါ"

အဖေမြောင် : . . .

နဥ်ရှု၏ ခွေးချေးလို့ ပြောလိုက်ခြင်းက အဖေမြောင်အား စားချင်စိတ် လုံးဝပျောက်သွားစေသည်။

နဥ်ရှုက ကျန်းကျားဆန်းအား အချုပ်ထဲသို့ သွားမတွေ့ဘဲ ကုမ္ပဏီကိုပဲသွားကာ အခြေအနေကို ထိန်းရသည်။ ကုမ္ပဏီကအခြေအနေ ပျက်ယွင်းနေသဖြင့် နဥ်ရှုက CEOရာထူးကို ပြန်ယူလိုက်ရသည်။

ကျန်းကျားဆန်း၏ အနှောင့်တွေ မပါတော့သည့် ဒီအခါတွင်တော့ နဥ်ရှုသည် ကုမ္ပဏီကို အပြည့်အဝ ထိန်းချုပ်နိုင်လေပြီ။

အလုပ်တွင် နဥ်ရှုမှာ မသိသည့်ဖုန်း ဝင်လာသည်။ ဖုန်းကိုင်လိုက်သည့်အခါ ကျန်းကျားဆန်း ဖြစ်နေသည်။

ဇာမဏီလိုကောင်စုတ်/ဇာမဏီလိုကောင်စုတ် (Realm 14)حيث تعيش القصص. اكتشف الآن