23

5.5K 898 8
                                    

Unicode Ver

၂၃။ ရှင်ကျွန်မကို လုံးဝဂရုမစိုက်ဘူး!

နဥ်ရှုက အဖေမြောင်၏ ကျန်းမာရေးကို စိုးရိမ်နေခဲ့တာ ဖြစ်သည်။ မူလဇာတ်ကြောင်းထဲကလို အသက်၆၀မပြည့်ခင်မှာ သေဆုံးသွားခြင်းမျိုးကို မလိုလားပေ။

မြောင်မိသားစုဝင်တိုင်းသည် အသက်ရှည်ရှည် နေရသည့်ကံ ပါပုံမရပေ။ အထူးသဖြင့် မြောင်မြောင်လိုပင်။ သို့သော်လည်း ဒီလိုကံကြမ္မာဆိုးမှာ မြောင်မြောင်က အိမ်ထဲကို ဝံပုလွေတစ်ကောင်  သွင်းလာခဲ့လို့သာ ဖြစ်သည်။

ထို့ကြောင့် နဥ်ရှုက အခုအချိန်မှာ အဖေမြောင်၏ ကျန်းမာရေးကို စိုးရိမ်နေခြင်း ဖြစ်သည်။

အဖေမြောင်က သူ့သမီးပြင်ပေးသည့် ဆေးကိုသောက်နေရင်း သူ့သမီးလေးမှာ မျက်နှာမကောင်းသည်ကို မြင်သော်
"ဘာဖြစ်လို့လဲ? မျက်နှာမကောင်းပါလား။ အလုပ်မှာ အဆင်မပြေလို့လား? ဒါမှမဟုတ် ကျန်းကျားဆန်းနဲ့ ရန်ဖြစ်လာတာလား?"

"ဘာမှမဟုတ်ပါဘူး"
နဥ်ရှုက အဖေမြောင်အား ကျန်းမိသားစုအကြောင်းကို ပြောမပြချင်ပေ။ အဖေမြောင်သိသွားပါက ထိပ်တိုက်သွားတွေ့လိမ့်မည်။ အခုအချိန်က ဒေါသဖြင့် ရှင်းရမည့် အချိန်မဟုတ်သေးပေ။

နဥ်ရှုက စကားလမ်းကြောင်းလွှဲကာ
"ဖေဖေ ငွေစာရင်းစစ်တဲ့ကိစ္စက ဘယ်လိုလဲ?"

ဒီကိစ္စကို အစဖော်သည့်အခါ အဖေမြောင်မှာလည်း နဥ်ရှုလိုပင် မျက်နှာပျက်သွားကာ ဘာကိုမှမပြောတော့ပေ။

အဖေမြောင်သည် တစ်စုံတစ်ခုကို တွေ့သွားပြီမှန်း နဥ်ရှုက သိသဖြင့်
"ဖေဖေ တစ်ခုခုတွေ့လို့လား?"

"မဟုတ်ပါဘူး။ ဒီတိုင်းငွေနည်းနည်းပါးပါးပါ။ သမီးစိတ်ပူစရာမလိုပါဘူး"
အဖေမြောင်က ခေါင်းကိုငုံ့ကာ နဥ်ရှုကျိုပေးသည့်ဆေးကို ဆက်သောက်နေသည်။

အဖေမြောင်သည် ကျန်းကျားဆန်း၏ အမြီးကို ဖမ်းမိနေကာ သူ့သမီးလေး စိတ်မကောင်းဖြစ်သွားမှာ စိုးရိမ်၍ မပြောခြင်းဖြစ်ကြောင်းကို နဥ်ရှုက သေချာသိသွားသည်။

ကျန်းကျားဆန်း၏ ဖောက်ပြန်ခြင်းအတွက် သက်သေများ အခိုင်အလုံရပါက နဥ်ရှုသည် အဖေမြောင်ကို ထုတ်ပြမှာ ဖြစ်သည်။ ထိုအခါ အဖေမြောင်ကလည်း သူ့တွင်ရှိသည့် အချက်အလက်များကို ထုတ်ပေးလိမ့်မည်။

ဇာမဏီလိုကောင်စုတ်/ဇာမဏီလိုကောင်စုတ် (Realm 14)Where stories live. Discover now