Beginning

11.2K 852 0
                                        

Unicode Ver

"တာဝန်စရအောင်"
နဥ်ရှုက ပြောလိုက်သည်။

နဥ်ရှုက ခေါင်းမူးသွားပြီးနောက် မူလကိုယ်နှင့် တဖြည်းဖြည်းချင်း ပေါင်းစပ်သွားသည်။ သူမမျက်လုံးမဖွင့်နိုင်ခင်မှာပဲ တစ်စုံတစ်ယောက်က သူမ၏စောင်အား ခွာပစ်လိုက်သည်။ လေအေးကို ခံစားလိုက်ရသည့်အခါ သူမ၏တစ်ကိုယ်လုံး တုန်နေအောင် ချမ်းသွားသည်။

"အမကြီးမြောင် ဘာဖြစ်လို့ အိပ်နေသေးတာလဲ? နေမြင့်နေပြီ"
အမျိုးသမီးအသံတစ်သံက သူမ၏နားအနားသို့ ဆူညံစွာ ထွက်လာသည်။ ထိုအသံရဆိုလျှင် အသက်ကြီးပုံ မရသေးပေ။

နဥ်ရှုက အခြေအနေသိပ်မကောင်းသေးသောကြောင့် မျက်လုံးဖွင့်ရန်ပင် မနည်းကြိုးသားလိုက်ရသည်။ သူရှေ့မှ စောင်ခြုံလာသည့် မိန်းကလေးကို သူမအာရုံသိပ် မထားနိုင်သေးဘဲ စောင်ပြန်ခြုံလိုက်သည်။ အခုအချိန်က အရမ်းအေးနေသေးသည်။

"အမကြီးမြောင် အမေက ထခိုင်းနေပြီ"
ထိုမိန်းကလေးမှာ နဥ်ရှုက အိပ်ရာပေါ်တွင် စောင်ခြုံပြီး ပြန်ကွေးနေသည်ကို မြင်သည့်အခါ နဥ်ရှု၏စောင်ကို ဆွဲခွာပြန်သည်။

"ဘာလုပ်နေတာလဲ?"
နဥ်ရှုက ထိုမိန်းကလေးကို ပြန်အော်လိုက်သည်။ ထိုတစ်ယောက်မှာ အသက်၁၈နှစ်လောက်သာ ရှိဦးမည်ဖြစ်ပြီး သူမ၏အသားအရည်မှာ အနည်းငယ်ညိုနေသည်။ သူမမှာ ပိုမည်းသွားစေသည့် နားဆွဲအဖြူရောင်ကြီးနှင့် အနီရောင်တောက်တောက် အနွေးထည်ကို ဝတ်ဆင်ထားသည်။

ထိုမိန်းကလေးမှာ နဥ်ရှုက သူမအား ခပ်တည်တည်ကြည့်နေသည့်အခါ ဒေါသထွက်လာကာ နှုတ်ခမ်းကို ကိုက်လိုက်ပြီးမှ
"အမကြီးမြောင် အမေက ထဖို့ပြောနေတာ။ ရွာကမြို့လိုမဟုတ်ဘူး။ မထရင် လူလှောင်ခံရလိမ့်မယ်"

နဥ်ရှုက ဝတ္တုဇာတ်ကြောင်းကို လက်မခံရသေးသောကြောင့် ဘာတွေဖြစ်နေမှန်း သူမမသိသေးပါ။
"အပြင်ကို အရင်ထွက်နှင့်။ ငါတော်ကြာထမှာပါ"

"မြို့က လူတွေက တကယ့်အရှုပ်ထုပ်တွေပဲ"
ထိုမိန်းကလေးက သူမဟာသူမ ရေရွတ်သည်။ ထို့နောက် မေးသည်။
"အမကြီးမြောင်ဝတ်ထားတဲ့ ညအိပ်ဝတ်စုံက တကယ်လှသားပဲ။ ညီမကို ဌားလို့ရမလား?"

ဇာမဏီလိုကောင်စုတ်/ဇာမဏီလိုကောင်စုတ် (Realm 14)Onde histórias criam vida. Descubra agora