30

5.4K 844 15
                                    

Unicode Ver

၃၀။ လူသားတစ်ယောက်အနေနဲ့ မလွယ်ဘူး

နဥ်ရှုက ကျန်းကျားဆန်းနှင့် အန်တီပင်းကို ညသန်းခေါင်ကြီးမှာ တွေ့ထားတာ ဖြစ်သည်။ အသက်၅၀ကျော် အန်တီပင်းနှင့် ကျန်းကျားဆန်းမှာ သမီးရည်းစားလို ဆက်ဆံရေးမျိုးတော့ ရှိမှာမဟုတ်ပေ။

သို့သော်လည်း သူတို့ကြားတွင် ထူးခြားသည့် ဆက်ဆံရေးတစ်ခုခုတော့ရှိလိမ့်မည်ဟု နဥ်ရှုက သံသယဝင်နေသည်။

အဖေမြောင်က အသီးအရွက်တွေ စားရသည်ကို မကြိုက်သဖြင့် နဥ်ရှုအား ကူကယ်ရာမဲ့စွာဖြင့်
"လူသားတစ်ယောက်အနေနဲ့ ချက်ချင်းကြီး ပြောင်းစားဖို့က မဖြစ်နိုင်ဘူး။ ဖေဖေ အသီးအရွက်တွေ မစားချင်ဘူး။ အသားစားချင်တာ"

နဥ်ရှုက ပုခုံးတွန့်ကာ
"ထားပါတော့။ ဖေဖေက အရမ်းသနားဖို့ကောင်းအောင် လုပ်ပြနေမှတော့ အသားပေါင်မုန့် ဒီနေ့စားပေါ့"

အဖေမြောင်က ချက်ချင်းပဲ အသီးအရွက်ပန်းကန်ကိုဖယ်ကာ ပဲနို့ကိုသောက်ရင်း အသားပေါင်မုန့်ကို စားတော့သည်။

နဥ်ရှုက အန်တီပင်းအား
"ဒါတွေဖယ်သွားလို့ရပါပြီ"

အန်တီပင်းက ကြောင်အနေပြီးမှ ခေါင်းငြိမ့်ကာ အသီးအရွက်ပန်းကန်ကို ပြန်သယ်သွားသည်။

ကျန်းကျားဆန်း၏ မျက်လုံးက ဖြတ်ခနဲလက်သွားကာ ဆက်ပြန်စားနေသည်။

မနက်စာစားပြီးသည့်အခါ ကျန်းကျားဆန်းက နဥ်ရှုနှင့်အတူ အလုပ်သွားသည်။ ကားထဲသို့ရောက်သည့်အခါ နဥ်ရှုအား ကားခါးပတ်ကို ညင်သာစွာ သူကိုယ်တိုင် ပတ်ပေးလာသည်။

သို့သော်လည်း နဥ်ရှုက
"ကိုယ့်ဟာကိုယ်လုပ်လို့ ရပါတယ်။ ဒုက္ခခံမနေပါနဲ့"

"ကိုယ်လုပ်ပေးချင်လို့ပါ။ မင်းအပေါ် ကိုယ်ကောင်းပေးချင်တယ်"
ကျန်းကျားဆန်းက စတီယာတိုင်ဘက်ကို ပြန်လှည့်သွားသည့်အခါ ပြောသည်။

နဥ်ရှုကတော့ မျက်လုံးကို မလှန်မိအောင် ထိန်းလိုက်ရသည်။
'ကျန်းကျားဆန်းရဲ့ အပြုအမှုတွေက အချစ်တွေလျှံ့ကျနေတာ မဟုတ်ဘူး။ အဲ့ဒါလိမ်ညာလှည့်ဖျားနေတာဟေ့!'

ဇာမဏီလိုကောင်စုတ်/ဇာမဏီလိုကောင်စုတ် (Realm 14)Tempat cerita menjadi hidup. Temukan sekarang