32

5.7K 848 8
                                        

Unicode Ver

၃၂။ မြန်ဆန်ပြီး ပြတ်သားရမယ်

နဥ်ရှုက ကျန်းကျားဆန်း၏ လုပ်ရပ်ကို ထူးမခြားနား ကြည့်နေလိုက်သည်။ နဥ်ရှုက ဒီလိုကြည့်နေသည့်အခါ ကျန်းကျားဆန်းသည် ထန်ဟီယုကို ဆက်ထိုးလိုက်ပြန်သည်။

နောက်ဆုံးမှာတော့ ပင်ပန်းစွာဖြင့် နဖူးကိုပွတ်ကာ နဥ်ရှုအား
"မြောင်မြောင် ကိုယ်တောင်းပန်ပါတယ်။ ရွာဘက်မှာတည်းက သူကခိုးတက်တဲ့အကျင့် ရှိလို့ပါ။ ဒါပေမယ့် မြို့ကိုရောက်လာရင် ပြောင်းလဲသွားမယ်လို့ ထင်ခဲ့တာ။ ဒီလိုအရှုပ်ထုပ်ကြီး လုပ်လိမ့်မယ်လို့ မထင်ဘူး"

"သူ့ကိုသတ်လိုက်လည်း ပြီးသွားမှာ မဟုတ်ဘူး။ အရေးကြီးတာက ဒီဇိုင်းကိုပြန်ဆွဲဖို့ပဲ။ ဒီတိုင်းထားလို့မရဘူး။ ဒီဇိုင်းမရှိတော့တာသာသိရင် အလုပ်သမားတွေလည်း အလုပ်လက်မဲ့ဖြစ်မှာကို လန့်သွားလိမ့်မယ်"
ကျန်းကျားဆန်းက အသံတိုးတိုးဖြင့်
"အရေးကြီးတာကို အရင်ရှင်းရမယ်လေကွာ"

နဥ်ရှုက ကျန်းကျားဆန်းကိုကြည့်လိုက်သည်။ ထိုအခိုက်အတန့်တွင်ပဲ အရာအားလုံး၏ နောက်ကွယ်မှာ သူရှိနေသလို ခံစားမိသွားသည်။

"ရှင့်ကို ဘယ်သူပိုက်ဆံပေးတာလဲ?"
နဥ်ရှုက အံကြိတ်ကာ ထန်ဟီယုကို လှည့်မေးလိုက်သည်။

ထန်ဟီယုက ခေါင်းခါကာ
"ငါတကယ်မသိဘူး"
သူသိသည်က ပိုက်ဆံသာရှိသည်။

ရဲကားသံတွေက အပြင်မှ ထွက်လာသည်။ ထိုအခါ ကျန်းကျားဆန်းက အလန့်တကြား
"ရဲခေါ်လိုက်တာလား?"

နဥ်ရှုက ခပ်ဖွဖွရယ်ရင်း
"အမှားလုပ်ပြီးရင်တော့ အပြစ်ဒဏ်ခံရမှာပဲ။ ဘာလဲ? ရှင့်ယောက်ဖကို ဒီအရှုပ်ထုပ်ထဲကနေ လွှတ်ပေးချင်လို့လား?"

ကျန်းကျားဆန်းက နဥ်ရှုအား အံ့သြစွာဖြင့်
"မြောင်မြောင် မင်းဘာလို့ ဒီလိုဖြစ်သွားတာလဲ?"

နဥ်ရှုက အေးတိအေးစက်အမှုအယာဖြင့်
"ဖေဖေက ပြောတယ်။ ကုမ္ပဏီကို သေချာကိုင်တွယ်နိုင်ချင်ရင် မြန်ဆန်ပြီး ပြတ်သားနေရမယ်တဲ့။ အဲ့ဒါမှ အောက်ကလူတွေက နာခံမှာတဲ့"

ဇာမဏီလိုကောင်စုတ်/ဇာမဏီလိုကောင်စုတ် (Realm 14)Donde viven las historias. Descúbrelo ahora