13

6.2K 938 12
                                        

Unicode Ver

၁၃။ အတွင်းရေးမှူးရွှယ်

အဖေမြောင်နှင့် အမေမြောင်တို့ သေဆုံးမှုအပေါ် နဥ်ရှုက သံသယရှိဆဲ ဖြစ်သည်။ ဒါဟာ ကျန်းကျားဆန်းကြောင့်သာ ဖြစ်မယ်ဆိုလျှင် သူမထင်သည်ထက် သူကပိုရက်စက်နေနိုင်သည်။
'ပြင်ဆင်စရာတွေ အများကြီးတော့ လိုနေပြီ!'

ညစာစားပြီးသည့်အခါ နဥ်ရှုက တချို့ကိစ္စတွေအပေါ် သူမအဖေ၏အမြင်ကို မေးကြည့်ပြီး ရာထူးမြင့်သည့်လူတို့အကြောင်းကိုလည်း သိခဲ့ရသည်။

သူမ၏အဖေက သူ့သမီးလေးမှာ ဒီလိုစိတ်ဝင်စားမှု အပြည့်ရှိနေသည့်ကို မြင်သည့်အခါ ကုမ္ပဏီမှ သူနှင့်အလုပ်အတုတွဲလုပ်ခဲ့သည့် အလုပ်သမားများအကြောင်းတွေကအစ ပြောပြတော့သည်။

အဖေမြောင်သည် ကုမ္ပဏီကို သူ့လက်ဖြင့် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ကုမ္ပဏီကို ထိန်းသိမ်းထားနိုင်ခြင်း ဖြစ်သည်။ တစ်ခါတစ်လေတော့လည်း ကုမ္ပဏီကို ဆက်တိုးတက်ဖို့အတွက် သူမစွမ်းဆောင်နိုင်သဖြင့် စိတ်ညစ်ရသည့် အခြေအနေများလည်း ရှိခဲ့သည်။

နဥ်ရှုက စိတ်ဝင်တစားရှိသည့်အခါ ကုမ္ပဏီကို သူသမီးလက်ထဲသို့ လွှဲပေးဖို့ စတင်စဥ်းစားလာပြီ။

အစတုန်းကတော့ မြောင်မြောင် ကလေးမွေးသည့်အခါ ပထမဆုံးကလေးကို မြောင်မျိုးရိုးဆက်ခံခိုင်းပြီး သူတို့မိသားစုအမွေ ဆက်ခံစေရန် ဖြစ်သည်။ သို့သော်လည်း သူ့သမီးကိုယ်က ကုမ္ပဏီအကြောင်းကို စိတ်ဝင်တစားလေ့လာနေသည့်အခါ မမွေးရသေးသည့် သူ့မြေးကို မျှော်နေရခြင်းထက် သူ့သမီးကိုသာ သင်ကြားပေးလိုက်ရသည်က ပိုလက်တွေ့ဆန်သည်ဟု ခံစားရသည်။

အဖေမြောင်က သူ့သိသမျှကို နဥ်ရှုအား ပြောပြနေသဖြင့် စကားမပြတ်တော့ပေ။ သူကုမ္ပဏီထောင်တုန်းက ဘယ်လိုခက်ခဲခဲ့သည့် အကြောင်းများတောင် ပြောပြသည်။ ထိုအခါ နဥ်ရှုမှာ ရင်နာလာသည်။ ဒါက မူလကိုယ်၏ ခံစားချက်သာ ဖြစ်သည်။
'သူ့အဖေရဲ့ သွေးတွေချွေးတွေနဲ့ တည်ဆောက်ခဲ့သမျှကို ကျန်းကျားဆန်းက ခိုးသွားတာ!'

'ကျန်းကျားဆန်းက သူ့ကိုလိမ်ရုံတင်မကဘူး။ သူတို့ ပိုင်ဆိုင်သမျှကိုပါ ခိုးသွားတယ်'

ဇာမဏီလိုကောင်စုတ်/ဇာမဏီလိုကောင်စုတ် (Realm 14)Donde viven las historias. Descúbrelo ahora