4

6.5K 895 19
                                        

Unicode Ver

၄။ အိမ်ပြန်မယ်

မူလကိုယ်က ဘယ်လိုစိတ်ဖြင့်  သည်းခံနေသွားသလဲ သူမမသိသော်လည်း နဥ်ရှုကတော့ ဒီလိုအချိုးတွေကို ဘယ်လိုမှ သည်းမခံနိုင်ပေ။

ဒီမိသားစုကို မူလကိုယ်အား ချွေးမတော်ရသည့်အခါ ဂုဏ်ယူနေကြသော်လည်း သူတို့ကိုယ်တိုင် သိမ်ငယ်သွားကြသည်ဖြစ်သည်။ အဆိုးဆုံးမှာ ကျန်းကျားဆန်း၏အမေပင်။

မနက်စာစားပြီးသည့်အခါ ကျန်းကျားဆန်း၏အမေက နဥ်ရှုအား
"ညည်းအရင် ဝက်စာသွားကျွေးချေ။ ငါကကြက်စာကျွေးမယ်။ ပြီးရင်တော့ ငါနဲ့အတူ ကောက်ရိတ်ဖို့လိုက်ခဲ့"

နဥ်ရှု : . . .
'ဒီလိုဟာမျိုးတွေကိုလုပ်ဖို့ ငါ့မှာအချိန်မရှိဘူးနော်! ဒီလိုဂုပ်သွေးစုပ်နေတဲ့ဟာတွေနဲ့ နေရမယ့်အစား ငါမြို့ကိုပြန်ပြီးတော့ ဇာတ်လိုက်ကောင်ကိုပဲ ရင်ဆိုင်ချင်တော့တယ်'

နဥ်ရှုက ကျန်းကျားဆန်း၏အမေကို ခေါင်းငြိမ့်ပြပြီးနောက် ကျန်းညီလေးအား
"နင်ငါ့အင်္ကျီလိုချင်တယ်မလား? အခန်းထဲကိုလိုက်ယူ"

ကျန်းညီမလေးမှာ ချက်ချင်းပြုံးရွှင်ကာ သူမအခန်းသို့ လိုက်လာသည်။ ကျန်းအမေကြီးကတော့ ဒီစကားကို ကြားသည့်အခါ ဘာမှဝင်မပြောဘဲ ပြုံးလို့သာနေသည်။

နဥ်ရှုက ကျန်းညီမလေးအား သူမဒီမနက်က ဝတ်ထားသည့် ညအိပ်ဝတ်စုံကို ပေးလိုက်သည်။ ကျန်းညီမလေးအား ပျော်ရွှင်စွာခုန်ပေါက်ပြီးယူကာ
"ဒါလေးက ဝတ်လို့အရမ်းကောင်းမှာ"

နဥ်ရှုက ကျန်းညီမလေးအား
"ငါနေသိပ်မကောင်းလို့ ငါ့အစားဝက်စာသွားကျွေးပေးပြီးတော့ ကောက်ရိတ်ပေးပါလား?"

ကျန်းညီမလေးက ချက်ချင်းမျက်နှာပျက်သွားကာ စိတ်မကြည်သည့်လေသံဖြင့်
"အဲ့ဒါတွေက အမကြီးကို လုပ်ခိုင်းတာလေ။ ကိုယ့်အလုပ်ကိုယ်လုပ်။ ဒီမိသားစုထဲကို ဝင်လာမှတော့ အမေ့စကားနားထောင်ရမှာပေါ့"

နဥ်ရှုက အမူအယာတစ်ချက်ပြောင်းမသွားဘဲ ရေမွှေးပုလင်းလှလှလေးတစ်ခု ထုတ်လိုက်ကာ
"ကူညီပေးမယ်မလား? ဒီနာမည်ကြီးတံဆိပ်ရေမွှေးပေးမယ်လေ"

ဇာမဏီလိုကောင်စုတ်/ဇာမဏီလိုကောင်စုတ် (Realm 14)Wo Geschichten leben. Entdecke jetzt