9

6.3K 927 18
                                        

Unicode Ver

၉။ အိပ်မက်မက်လို့ မရစေဘူး

မန်နေဂျာနှင့် အတွင်းရေးမှူး. . .
ကျန်းကျားဆန်းက သူ့အတွင်းရေးမှူးနဲ့ ဘယ်လိုဆက်ဆံရေးရှိလဲ?

တွေးကြည့်စရာကို မလိုပေ။

ကျန်းကျားဆန်း၏ ရည်မှန်းချက်က အမြင့်ကိုရောက်ရန် ဖြစ်သည်။ မူလကိုယ်အား သူခုတက်စရာ တုံးတစ်ခုလို့သာ မြင်သည်။ မူလကိုယ်တွင် အရမ်းရိုးရှင်းသည့်ဘဝရှိသည်။ သူမသည် ဘာကိုမှမသိနားမလည်သည့် မိန်းကလေးဖြစ်သလို သေသွားသည့်တိုင်အောင် ရိုးသားစွာနေခဲ့သည်။

နဥ်ရှုက ခပ်ဖွဖွပြုံးလိုက်သည်။
'အောင်မြင်ပြီးသွားမှ ဘာမှကုန်းကောက်စရာမရှိအောင်  ပြန်ထိုးကျသွားရင် ကျန်းကျားဆန်းလည်း စိတ်ရောဂါရသွားမလား?'

ကျန်းကျားဆန်း၏ မျက်လုံးတွေက ကျဥ်းမြောင်းသွားကာ နဥ်ရှုအနားသို့ လာပြီး
"မြောင်မြောင် ဒီမှာဘာလုပ်နေတာလဲ?"

နဥ်ရှုက ကျန်းကျားဆန်း၏ အကြည့်ဖြင့် ဆုံသည့်အခါ ပါးချိုင့်များပေါ်သည့်အထိ ပြုံးရင်း
"အခုကစပြီး ကုမ္ပဏီမှာ အလုပ်လုပ်တော့မလို့။ နေ့တိုင်း အတူတူအလုပ် လုပ်ရမှာ! မပျော်ဘူးလား?"

ကျန်းကျားဆန်း၏ မျက်နှာတွင် အံ့သြမှုက အထင်းသားဖြစ်သည်။ ထို့နောက် နဥ်ရှု၏ မျက်နှာလေးကို ကြည့်ပြီးနောက် သူ့စိတ်ထဲတွင် တစ်ခုခုဖြစ်သွားကာ ယုတ်မာမှုတို့က မျက်လုံးတွင် ပေါ်လာသည်။ သို့သော်လည်း ခနလေးအတွင်းမှာ ပျောက်သွားကာ ချစ်မြတ်နိုးမှုအပြည့် အကြည့်များဖြင့်
"ပျော်တာပေါ့"

နဥ်ရှုကလည်း ပြုံးကာ
"ဒါဆိုရင် ကောင်းတာပေါ့!"

နဥ်ရှု၏အကြည့်များက အနောက်က အတွင်းရေးမှူးဆီသို့ ရောက်သွားသည်။ သူမက ထူးဆန်းသည့် အမူအယာဖြင့် တောင့်တောင့်ကြီး ဖြစ်နေသည်။ နဥ်ရှု၏ အကြည့်တွေကိုမြင်သော် ချက်ချင်းခေါင်းငုံသွားသည်။

ကျန်းကျားဆန်းက ဘာမှဆက်မပြောတော့ဘဲ သူ့ခုံတွင်သွားထိုင်သည်။ သူကစားပွဲကိုခေါက်ရင်း ထိုင်နေသည့်ပုံမှာ ကြည့်ကောင်းလွန်းသည်။

ဇာမဏီလိုကောင်စုတ်/ဇာမဏီလိုကောင်စုတ် (Realm 14)Место, где живут истории. Откройте их для себя