37

5.3K 874 25
                                    

Unicode Ver

၃၇။ ဘယ်သူအကျိုးရှိမှာလဲ

နဥ်ရှုက သူမကိုယ်သူမ အပြစ်တင်နေမိသည်။ သူမက စက်ရုံတွင် ဒီဇိုင်းကိစ္စကြောင့် အလုပ်ရှုပ်နေကာ ထန်ဟီယုကြောင့်လည်း သူမသည် အလုပ်ပုံ့သွားခဲ့မိသည်။ ထို့ကြောင့် အဖေမြောင်ကို ဂရုမစိုက်မိခဲ့ပေ။

နဥ်ရှုက ဆေးရုံကိုသွားကာ ထိုဆေးထဲတွင် အဆိပ်ဖြစ်စေသည် ပါ၏မပါ၏ကို စစ်ဆေးသေသည်။ ထို့နောက် နဥ်ရှုသည်ကော်ရစ်တာမှ ခုံတွင်ထိုင်ကာ အဖြေကိုစောင့်နေသည်။

အန်တီပင်း၏ ဆေးခွက်တွင် ဆေးမှုန့်ထပ်ထည့်ခြင်းက အဖေမြောင်ကို ဦးတည်သည်မှန်း သိသာလွန်းသည်။ နဥ်ရှုက သက်ပြင်းချကာ သေချာသုံးသပ်ကြည့်တော့သည်။

'အဖေမြောင် တစ်ခုခုဖြစ်သွားရင် ဘယ်သူက အကျိုးရှိမှာလဲ?'

နဥ်ရှုက ရေရှည်နှင့်ရေတို အကျိုးရှိမည့်သူကို တွေးကြည့်သော်လည်း ကျန်းကျားဆန်းသာလျှင်ရှိသည်။ အဖေမြောင်က ငွေစာရင်းစစ်ခဲ့တာ ဖြစ်သည်။ အဖေမြောင်သာ တစ်ခုခုဖြစ်သွားပါက ငွေစာရင်းကိစ္စမှာ လုံးဝမြုပ်သွားမည် ဖြစ်သည်။ ထိုအခါ ကုမ္ပဏီကို ကျန်းကျားဆန်းကသာ ကြီးစိုးနိုင်တော့မှာ ဖြစ်သည်။

ဒီအရာက မူလဇာတ်ကြောင်း၏ အသွားအလာနှင့် ကိုက်ညီလှသည်။ ဆိုလိုသည်က ကျန်းကျားဆန်းက မြောင်မိသားစုတိုင်း၏ သေဆုံးခြင်းနှင့် ပတ်သက်၍ သူတစ်ခုခုလုပ်ခဲ့သည်သာ ဖြစ်သည်။
'ဒီယုတ်မာတဲ့ ဝံပုလွေကတော့!'

အဖြေထွက်လာသည့်အခါ ထည့်လိုက်သည့်အရာက အဆိပ်မဟုတ်ပေ။ Diclofenacသာ ဖြစ်သည်။ ထိုအရာကို အကိုက်အခဲနှင့် အယောင်ကျဆေးအဖြစ် အသုံးပြုသည်။ သို့သော် ရေရှည်စွဲသောက်သုံးပါက သွေးလည်ပတ်မှုကို နှေးကွေးစေကာ သွေးဖိအားတိုးစေသည်။

ဆေးခွက်ထဲတွင် ထည့်လိုက်သည့် ပမာဏမှာ အရမ်းများသည်။ အဖေမြောင်က အစောတည်းက သွေးတိုးရှိသည့်သူကို ဒါသာစားလိုက်ပါက ပိုဆိုးလာစေမှာ ဖြစ်သည်။ ဒေါသထွက်လာလေလေ ပိုဆိုးလာလေလေဖြစ်ပြီး သွေးကြောတွေပေါက်ထွက်ကာ သေသွားနိုင်သည်။

ဇာမဏီလိုကောင်စုတ်/ဇာမဏီလိုကောင်စုတ် (Realm 14)Nơi câu chuyện tồn tại. Hãy khám phá bây giờ