21

6K 877 41
                                        

Unicode Ver

၂၁။ ဘာပဲ​ဖြစ်ဖြစ် သားဦးသမီးဦးက. . .

"လူတွေများလာပြီဆိုတော့ စားပွဲကြီးတာကို ဝယ်မှပဲ"
ကျန်းကျားဆန်းက သူ့အဖေ၏ ကို့ရို့ကားယားနိုင်သည့် အခြေအနေကို ဝင်ကာကွယ်ရေး ပြောသည်။
"ဟုတ်တယ်မလား မြောင်မြောင်"

နဥ်ရှုက မျက်နှာမဲ့သွားကာ ခေါင်းကိုအနည်းငယ် ငုံလိုက်ပြီး ကျန်းကျားဆန်းအား လျစ်လျူရှုထားလိုက်သည်။

ကျန်းကျားဆန်း၏ မျက်နှာတွင် ဒေါသတို့က ထွက်လာသော်လည်း
"စားရအောင်။ စားကြစို့"

ကျန်းကျားဆန်း၏ စကားကိုကြားမှသာ ဆာလောင်နေသည့် လူတစ်စုက စားကြတော့သည်။ ရှက်ရွံ့စွာ ရပ်နေသည့် ကျန်းဝမ်လန်ကတောင် သူ့သမီးလေးအတွက် ဟင်းလှမ်းယူကာ ခွံကျွေးနေသည်။

နဥ်ရှုက တူကိုမလှုပ်သဖြင့် ကျန်းကျားဆန်းသည် သူမ၏ပန်းကန်ထဲသို့ ဟင်းတွေထည့်ပေးသည်။ ဤသို့ဖြင့် နောက်ဆုံးမှာ နဥ်ရှုသည် ထမင်းစားရတော့သည်။

ကျန်းကျားဆန်း၏အမေက ထမင်းစားနေရင်း ဆီတဝင်းဝင်းပေကျံနေသည့် ပါးစပ်ကြီးဖြင့် နဥ်ရှုအား
"အခုကစပြီး ညည်းအိမ်မှာ သေချာနေ။ အပြင်တွေ မသွားနဲ့တော့။ ကလေးလည်း မွေးပေးဦး"

နဥ်ရှုက တူကိုချလိုက်ကာ ပုဝါဖြင့် သေချာသုတ်ပြီးမှ
"ကုမ္ပဏီမှာ အလုပ်သွားလုပ်ဖို့ လိုတယ်။ ကလေးကိစ္စက နောက်မှပေါ့"

ကျန်းကျားဆန်း၏အမေက နဥ်ရှုအား စူးစူးဝါးဝါးစိုက်ကြည့်ကာ
"မိန်းမဆိုတာ အိမ်မှာပဲနေပြီး ယောက်ျားကို ပြုစုရမှာ။ တနေ့လုံး အပြင်ကိုသွားလာနေတာက ဘာအချိုးလဲ? ညည်းက ကလေးမယူဘူးဆိုတော့ ဘာလဲ! ကျန်းမိသားစုကို မျိုးဆက်ပြတ်စေချင်နေတာလား!"

နဥ်ရှု : . . .
'ငါစိတ်တိုလွန်းလို့ ဆက်မပြုံးနိုင်တော့ဘူး!'

နဥ်ရှုက ကောက်ကျစ်စွာ ပြုံးလိုက်ကာ
"ဘာပဲ​ဖြစ်ဖြစ် သားဦးသမီးဦးက မြောင်မျိုးရိုးကို ဆက်ခံရမှာဆိုတော့ ကျွန်မလိုချင်တဲ့အချိန်မှ ယူမှာပေါ့"

နဥ်ရှု၏စကားကြောင့် ထမင်းစားဝိုင်းတစ်ခုလုံး ကြောင်သွားသည်။ ကျန်းမိဘတို့က သူမအား မလိုလားစွာကြည့်ကာ ကျန်းအမေကြီးက ဒေါသတကြီး
"ဒါကျန်းမျိုးရိုးရဲ့ သွေးသားပဲ! ဘာဖြစ်လို့ မြောင်မျိုးရိုးကို ဆက်ခံရမှာလဲ?"

ဇာမဏီလိုကောင်စုတ်/ဇာမဏီလိုကောင်စုတ် (Realm 14)Wo Geschichten leben. Entdecke jetzt