12

6.2K 923 24
                                        

Unicode Ver

၁၂။ စာရွက်ပြောင်

"ဒါရိုက်တာ ဒီမှာလတ်မှတ်ထိုးစရာလိုတဲ့ အရေးကြီးကိစ္စရှိတယ်"
အတွင်းရေးမှူးမက အနည်းငယ်တုန်နေသည့်အသံဖြင့် ကျန်းကျားဆန်းအား ပြောသည်။

ကျန်းကျားဆန်းက နှုတ်ခမ်းကို တင်းတင်းစေ့ကာ သူမဆီသို့လျှောက်သွားပြီး ဖိုင်ကိုယူဖွင့်လိုက်သည်။ သူ့အတွင်းရေးမှူးကို တစ်ချက်ငဲ့ကြည့်လိုက်သည့်အခါ သူမကခေါင်းကိုငုံကာ ဘာမှမပြောပေ။

ကျန်းကျားဆန်းက လတ်မှတ်ထိုးလိုက်သည်။ နဥ်ရှုက သူတို့အနားသို့လျှောက်လာကာ
"ဘာလဲ? ငါလည်းကြည့်ချင်တယ်။ ကောင်းတာဖြစ်ဖြစ် ဆိုးတာဖြစ်ဖြစ် ငါကCEOပါ"

ကျန်းကျားဆန်းက ဖိုင်ကိုအမြန်ပိတ်လိုက်ကာ ပြောသည်။
"ဒါကအရေးကြီးတာ မဟုတ်ပါဘူး"

"အရေးမကြီးဘူးဆိုရင် ရှင့်အတွင်းရေးမှူးက ဘာဖြစ်လို့ အလျှင်လိုနေတာလဲ?"
နဥ်ရှုက မျက်ခုံးကို ပင့်လိုက်သည်။

ထိုစာရွက်စာတမ်းသည် စာရွက်ပြောင်သာဖြစ်သည်။ ကျန်းကျားဆန်းမှာလည်း ထိုစာရွက်ပြောင်တွင် ရုပ်တည်ကြီးဖြင့် လတ်မှတ်ထိုးလိုက်တာ ဖြစ်သည်။

"ပြန်ရအောင်။ အလုပ်အကြောင်း မပြောနဲ့တော့"
ကျန်းကျားဆန်းက နဥ်ရှု၏လက်ကိုဆွဲကာ ပြန်သည်။

နဥ်ရှုက နောက်ကိုလှည့်ကြည့်လိုက်သည့်အခါ ထိုအတွင်းရေးမှူးသည် ဖိုင်ကိုတင်းတင်းဆုပ်ကိုင်ရင်းဖြင့် ကျန်းကျားဆန်း၏ နောက်ကျောကို ငေးနေသည်ကို တွေ့လိုက်ရသည်။

ကားထဲရောက်သည့်အခါ နဥ်ရှုက တန်းပြောလိုက်သည်။
"မိဘတွေအိမ်ကို အရင်သွားရအောင်။ ကျွန်မရဲ့လက်ဆွဲအိတ်က အဲ့ဒီအိမ်မှာ"

ကျန်းကျားဆန်း၏ နှုတ်ခမ်းမှာ ခနတင်းသွားသောလည်း နောက်မှ "အင်း"ဟု ဖြေသည်။

သူတို့ရောက်သည့်အခါ အမေမြောင်က နဥ်ရှုကို နဥ်ရှုကို အပြေးကြိုကာ အစစအရာရာကို အဆင်ပြေသလား မေးသည်။ အလုပ်တွေကပင်ပန်းလား? ဘယ်သူက အနိုင်ကျင့်လဲ? စသည့်မေးခွန်းတို့ဖြစ်သည်။

ဇာမဏီလိုကောင်စုတ်/ဇာမဏီလိုကောင်စုတ် (Realm 14)Donde viven las historias. Descúbrelo ahora