58

5.4K 893 16
                                        

Unicode Ver

၅၈။ သက်သေစစ်ခြင်း

နောက်နေ့ရုံးတင်စစ်သည််အခါ နဥ်ရှုသည် တရားရုံးသို့ ခပ်စောစောရောက်သွားသည်။

ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ဒီအမှုမှာ CEOတစ်ယောက်က ငွေ၁၀သန်းလောက် လိမ်လည်ထားသည်ဖြစ်သောကြောင့် သတင်းထောက်များက စုပြုံရောက်နေသည်။

ဒါက နဥ်ရှုလိုချင်တာ ဖြစ်သည်။ မန်နေဂျာတစ်ယောက် ငွေလိမ်လည်သည်ထက် CEOလုပ်တာက ပိုအမှုကြီးလေသည်။ ထို့အပြင် အောင်မြင်မှုကို အရမ်းရူးသွပ်သည့် ကျန်းကျားဆန်းအတွက်လည်း လူတိုင်းအရှေ့မှာ ထောင်ကျသွားခြင်းက ပိုဆိုးလိမ့်မည်။

'ဒီနေ့ပွဲကတော့ စိတ်ဝင်စားဖို့ ကောင်းနေပြီ'

နဥ်ရှုပဲ ရောက်လာတာ မဟုတ်ပေ။ ကျန်းတစ်မိသားစုလုံးလည်း ရောက်လာသည်။ ကျန်းကျားဆန်း၏ ညီလေးကအစ ရောက်လာတာဖြစ်သည်။ သူတို့က နဥ်ရှုအား မှောင်မိုက်စွာ လှမ်းကြည့်ကြသည်။

နဥ်ရှုကတော့ ဂရုမစိုက်ဘဲ ပွဲကြီးပွဲကောင်းကိုသာ စောင့်နေသည်။ကျန်းမိသားစုက နဥ်ရှု၏ အဝေးမှာ သွားထိုင်သည်။ သူမ၏အနားကို မလာချင်တာ သိသာပါသည်။

မကြာခင်တွင် ထောင်ဝတ်စုံနှင့် ကျန်းကျားဆန်းအား လက်ထိပ်ဖြင့် ခေါ်လာသည်။

ကျန်းမိသားစုက ဒါကိုမြင်ရသည့်အခါ စိတ်မငြိမ်တော့ပေ။ ကျန်းကျားဆန်း၏ အမေဆိုလျှင် မျက်နှာကြီး ရှုံ့တွနေသည့်အထိ မျက်စိမျက်နှာ ပျက်ယွင်းနေသည်။

ကျန်းကျားဆန်း၏ အဖေမှာ တည်ငြိမ်ချင်ယောင် ဆောင်နေရသည်။ ဆေးလိပ်ကြီးသောက်ရန် ခါးကိုစမ်းလိုက်သော်လည်း သူ့၏ဆေးပိုက်ကို ယူလာဖို့ မေ့လျော့သွားခဲ့သည်။

ကျန်းကျားဆန်းမှာလည်း အခြေအနေကောင်းပုံမရပေ။ ခေါင်းငုံလျှက် လျှောက်လာကာ မျက်လုံးများကို ဆံပွင်ပွပွကြီးက ကွယ်နေသည်။

ကင်မရာမီး တဖြတ်ဖြတ်ရိုက်လိုက်တိုင်း ခေါင်းမှာပိုပုဝင်သွားလေသည်။

နဥ်ရှုက ကျန်းကျားဆန်းကို ကြည့်လိုက်သည်။ သူ့တွင် စိတ်ပျက်ကာ စိတ်ညစ်ညူးနေမှုတို့သာ ရှိတော့သည်။

ဇာမဏီလိုကောင်စုတ်/ဇာမဏီလိုကောင်စုတ် (Realm 14)Donde viven las historias. Descúbrelo ahora