40

5.6K 862 19
                                    

Unicode Ver

၄၀။ ရွာမှာစံအိမ်ဆောက်မယ်?

"ဒါမယုံနိုင်စရာကြီး! ကျားဆန်း ရှင်ပဲပြောကြည့်။ ဘာဖြစ်လို့လဲဆိုတာ? ဖေဖေနဲ့ မေမေက သူ့ကိုအလုပ်ပေးထားပြီး ဘာကိုမှ ထိခိုက်နစ်နာအောင် မလုပ်ဘူး။ ကျေးဇူးပြန်ဆပ်ဖို့ မမျှော်လင့်တာကိုတောင် ဒီလိုရက်ရက်စက်စက် လုပ်ရက်တယ်လား? ဒီလိုလူမျိုးတွေက သေသွားရင် ငရဲပဲကျသင့်တယ်"
နဥ်ရှုက ကျန်းကျားဆန်းအား ဒေါသတကြီးကြည့်ကာ ပြောလိုက်သည်။

ကျန်းကျားဆန်းက ဒီလိုစကားတွေ ကြားတာတောင်မှ အမှုအယာပြောင်းမသွားဘဲ နဥ်ရှုကိုသာ လေသံပြေပြေလေးဖြင့် ချော့သည်။
"ဟုတ်ပါပြီ။ စိတ်မတိုပါနဲ့တော့ ဟုတ်ပြီလား? ဒေါသထွက်တာက မင်းရဲ့ကျန်းမာရေးကို ထိခိုက်မယ်။ အမှန်တရားက ပေါ်လာမှာပါ"

နဥ်ရှုက ကျန်းကျားဆန်း၏ စိတ်အနှောင့်အယှက် ဖြစ်မသွားသည့်ပုံကို ကြည့်လိုက်သည်။ တကယ်တော့ သူမက ကျန်းကျားဆန်းအား ကျိန်ဆဲနေခြင်း ဖြစ်သည်။ သို့သော်လည်း သူကတော့ စိတ်သဘောထားကြီးတဲ့သူလိုလုပ်နေသေးသည်။
'ဒီကောင်က စိတ်တော်တော်ငြိမ်တာပဲ။ သူလိုချင်တာရဖို့အတွက် ဘာမဆိုသည်းခံနိုင်တယ်'

'မြောင်မြောင်ကတော့ မတရားသေသွားရတာပဲ'

"မြောင်မြောင် အိမ်ပြန်မလာတာကြာပြီ။ ဒီနေ့တော့ အိမ်ပြန်လိုက်ခဲ့ပါတော့"
ကျန်းကျားဆန်းက တောင်းဆိုသည်။

နဥ်ရှုက မဲ့ရွဲ့သွားကာ
"ဘာဖြစ်လို့ ပြန်ရမှာလဲ? ရှင့်အမေက ကျွန်မကို ဆဲဆိုနေမှာ။ ရှင့်အမကလည်း ကျွန်မကို မကောင်းတဲ့သူဖြစ်အောင် ဒူးထောက်ပြဦးမယ်"

ကျန်းကျားဆန်းက ကူကယ်ရာမဲ့သည့်ရုပ် ဖြစ်သွားသည်။ ထို့နောက် နဥ်ရှု၏ ခေါင်းလေးကိုပွတ်ကာ ကတိပေးလေသည်။
"မြောင်မြောင် ကိုယ့်မိဘတွေကို ရွာပြန်ဖို့ကိစ္စ ပြောပြီးပါပြီ။ ရွာကအိမ်က အရမ်းဟောင်းပြီးတော့ စုတ်နေပြီလေ။ အဲ့ဒါကြောင့် ကိုယ်ပိုက်ဆံစုပြီး ၂နှစ်အတွင်း အိမ်ကောင်းကောင်း သန့်သန့်လေး ဆောက်ပေးပြီး ပြန်နေခိုင်းမှာပါ။ မြောင်မြောင်ရဲ့ သဘောကရော?"

ဇာမဏီလိုကောင်စုတ်/ဇာမဏီလိုကောင်စုတ် (Realm 14)Donde viven las historias. Descúbrelo ahora