64

5.7K 908 103
                                        

Unicode Ver

၆၄။ ကိုယ်မင်းကို ချစ်တယ်ဆိုရင်ရော

နဥ်ရှုက ကျန်းကျားဆန်းနှင့် စကားကြောရှည်မနေချင်သောကြောင့် ကွာရှင်းစာချုပ်ကို ထုတ်လိုက်သည်။
"လက်မှတ်ထိုးလိုက်။ နောက်တရားခွင်ကို ရှင်ထပ်မတက်ချင်တော့ဘူးမလား"

ကျန်းကျားဆန်းက နဥ်ရှုကိုတစ်ခြက်ကြည််ကာ ကွာရှင်းစာချုပ်ကို ယူလိုက်ပြီး ခပ်ဟဟရယ်သည်။ ထို့နောက် တွေဝေချင်းမရှိဘဲ လက်မှတ်ထိုးပေးသည်။

နဥ်ရှုက ကြောင်အသွားသည်။
'ငါ့လက်နက်တောင် ထုတ်မသုံးရသေးဘူးလေ။ ကျန်းကျားဆန်းနဲ့ ရွှယ်မန်မန်တို့ လူးလိမ့်နေတဲ့ ဗီဒိုယိုကိုထုတ်ပြဖို့ ငါကပြင်လာတာ။ သူကချက်ချင်း ထိုးပေးလိုက်တယ်လား? ဒီလိုအကုန်အဆင်ပြေနေတာက အံ့သြစရာကြီး'

ထို့နောက် နဥ်ရှုလည်း လက်မှတ်ထိုးလိုက်တော့သည်။

ကျန်းကျားဆန်းက နဥ်ရှုကိုကြည့်ကာ
"ကိုယ်အခုလို လွယ်လွယ်နဲ့ လတ်မှတ်ထိုးပေးလိုက်တော့ အံ့သြသွားတယ်မလား?"

နဥ်ရှုက မျက်ခုံးပင့်သွားကာ ပြန်ကြည့်လိုက်သည်။ လက်ရှိကျန်းကျားဆန်းသည် အရာအားလုံးက အဆင်ပြေနေသလို ဘာကိုမှဂရုမစိုက်ဟန်ပေါ်သည်။

သို့သော်လည်း ကျန်းကျားဆန်းမှာ ဘာမှမရှိတော့သလို သုံးစရာလည်း ဘာမှမရှိတော့ပေ။

နဥ်ရှုက ထပြန်ရန် ပြင်သည့်အခါ ကျန်းကျားဆန်းက လှမ်းခေါ်သည်။
"မြောင်မြောင် ကိုယ်နဲ့ခနလောက် ထိုင်စကားပြောပါဦးလား? နောက်ဆိုရင် မင်းကထပ်လာတော့မှာမှ မဟုတ်တာ"

"ကျွန်မတို့မှာ ပြောစရာဘာမှမရှိတော့ဘူးလို့ ထင်တာပဲ"
နဥ်ရှုက ပြန်ဖြေသည်။

"ဘာဖြစ်လို့ မင်းကို ဒီလိုလုပ်ရတာလဲ မသိချင်ဘူးလား? မင်းမိသားစုကိုရောလေ?"
ကျန်းကျားဆန်းက ပြောသည်။ သူ့အကြည့်တွေက နူးညံ့လို့သာနေသည်။

နဥ်ရှုက ပြန်ထိုင်လိုက်သည်။

ကျန်းကျားဆန်းက တန်းပြောသည်။
"ကိုယ်မင်းကိုချစ်တယ်ဆိုရင်ရော ယုံမှာမဟုတ်ဘူးမလား"

ဇာမဏီလိုကောင်စုတ်/ဇာမဏီလိုကောင်စုတ် (Realm 14)Место, где живут истории. Откройте их для себя