60

5.1K 905 23
                                    

Unicode Ver

၆၀။ သူတို့ထဲမှာ အဆင့်အနိမ့်ဆုံး

ကျန်းကျားဆန်းမှာ မယားငယ်ရှိနေကြောင်းကို ကျန်းမိသားစုက အခုမှသိရခြင်း ဖြစ်သည်။ သို့သော်လည်း ဒီမယားငယ်က ကျန်းကျားဆန်းအား ဆန့်ကျင်ကာ သက်သေထွက်ဆိုခဲ့သည်။ ဒါကို ကျန်းမိသားစုက လက်မခံနိုင်ပေ။

ကျန်းကျားဆန်း၏ မိန်းမဖြစ်နေတည်းက ဒီလိုလုပ်ခြင်းကို သူတို့လက်မခံနိုင်ပါ။ ကျန်းကျားဆန်း၏ အမေသည် ရွှယ်မန်မန်က အဆိုးလုပ်ရပ်ကို ကျူးလွန်သွားသည်ဟု ထင်နေသည်။

နဥ်ရှုလို သူ့မိန်းမကြီးက သူ့ယောက်ျားဖောက်ပြန်သည်ကို သိလိုကရရရင် ဘယ်လိုနေမလဲ ဘယ်သူမှ မစဥ်းစားကြပေ။ သူမ၏စိတ်ခံစားချက်များကိုလည်း စာနာဖို့ဆိုသည်က ဝေးလေပြီ။

နဥ်ရှုက ရယ်လိုက်သည်။ ကျန်းမိသားစုတွင် ချွေးမဆိုသည်က အဆင့်အနိမ့်ဆုံးဖြစ်ကာ ဂုဏ်မရှိသူသာ ဖြစ်သည်။

သူမ၏ အပေါ်တွင် သူမ၏ယောင်းမ၊ ထို့နောက် သူမ၏ခဲအို၊ ကျန်းကျားဆန်း၊ ကျန်းကျားဆန်း၏အမေနှင့် အာဏာအရှိဆုံး ကျန်းကျားဆန်း၏ အဖေဆို၍ သွားသည်။

ဒီမိသားစုတွင် အဆင့်များစွာ ရှိလေသည်။ မြောင်မြောင်ကတော့ အပြင်လူဖြစ်နေသောကြောင့် အဆင့်အနိမ့်ဆုံးသာ ဖြစ်သည်။

ကျန်းကျားဆန်းသည် ငွေ၁၀သန်းနီးပါး အလွဲသုံးစားလုပ်ခဲ့သလို လာဘ်စားခဲ့သောကြောင့် ထောင်ဒဏ်၁၀နှစ်နှင့် သူ့ပိုင်ဆိုငာမှုတိုင်းကို အစိုးရပိုင်အဖြစ် သိမ်းလိုက်ဖို့ တရားသူကြီးက စီရင်လိုက်သည်။

အမှုကိုဖုံးကွယ်ကာ ငွေဖြူပြောင်းပေးသည့် ရွှယ်မန်မန်က ထောင်ဒဏ်၃နှစ် ကျသည်။ သို့သော်လည်း သူမ၏ အမှုကိုဖော်ထုတ်ပေးမှုကြောင့် ထောင်ဒဏ်၂နှစ်အဖြစ်သာ လျော့ပေါ့ပေးလိုက်သည်။

ကျန်းကျားဆန်း၏ အမေသည် စီရင်ချက်ကို ကြားသည့်အခါ ချက်ချင်းထကာ အော်သည်။
"မဟုတ်ဘူး! ငါ့သားက သူ့မိန်းမရဲ့ မိသားစုငွေကိုသုံးတာ! ဘယ်လိုလုပ်ပြီး အလွဲသုံးစားလုပ်တာ ဖြစ်မှာလဲ?"

ထိုကိစ္စက ကျန်းမိသားစု၏ အမြင်သာဖြစ်သည်။ ကျန်းမိသားစုက မြောင်မိသားစုကို ပိုင်ဆိုင်သည်ဟု သူတို့ကထင်နေကြတာ ဖြစ်သည်။

ဇာမဏီလိုကောင်စုတ်/ဇာမဏီလိုကောင်စုတ် (Realm 14)Nơi câu chuyện tồn tại. Hãy khám phá bây giờ