61

5.7K 933 13
                                        

Unicode Ver

၆၁။ ဒုတိယတရားခွင်

တရားစီရင်ပြီးသည့်အခါ ကျန်းကျားဆန်းအား ရဲသား၂ယောက်က တွဲခေါ်သွားသည်။ သူ့ခြေထောက်တွေက ပျော့ခွေနေသောကြောင့် ဖြစ်သည်။

တစ်ချိန်လုံးမှာ သူ့အကြည့်တွေက နဥ်ရှု၏ အပေါ်တွင်သာ ရှိသည်။ ကျန်းကျားဆန်းသည် တည်ငြိမ်နေသည်။ ထောင်၁၀နှစ် ကျခံရမည့်သူနှင့် လုံးဝမတူသလိုပင်။

နဥ်ရှုက ဒီလိုတည်ငြိမ်နေသည်ကို တွေ့သည့်အခါ အံ့သြသွားသည်။
'ကျန်းကျားဆန်းက တကယ်မှန်းမရတဲ့သူပဲ'

ထို့နောက် နောက်တရားခွင်စသည့်အခါ ကျန်းကျားဆန်းကို ပြန်ခေါ်လာပြန်သည်။

လူတိုင်းက ကြောင်ကုန်သည်။ ထွက်ခွာဖို့ပြင်နေသည့် သတင်းထောက်များက အပြေးအလွှား ပြန်ဝင်လာကြတော့သည်။

ကျန်းကျားဆန်းသည် မျက်နှာဖြူလျော့နေသော်လည်း တည်ငြိမ်နေဆဲပင်။

သို့သော်လည်း ကျန်းမိသားစုကတော့ ဆောက်တည်ရာမရ ဖြစ်ကုန်ပြီ။
'ခုနကပဲ ၁၀နှစ်ချလိုက်တယ်။ အခုထပ်ပြီး ဘာလုပ်ဦးမှာလဲ?'

ထိုအချိန်တွင် ရှေ့နေ့က ကျန်းကျားဆန်းသည် နောက်အမှုတစ်ခုကို ကျူးလွန်ခဲ့ကြောင်း ပြောလာသည်။

သတင်းထောက်များမှာ အုတ်အော်သောင်းသင်း ဖြစ်သွားကြကာ ရူးသွပ်နေကြသလို ဓာတ်ပုံများ ထပ်ရိုက်ကြသည်။ အစတုန်းက သူတို့သည် ပုံမှန်သတင်းလောက်သာ ရမည်ဟု ထင်ကာလာခဲ့သော်လည်း သတင်းခေါင်းစီးတောင် ဖြစ်လာနိုင်လေသည်။

ကျန်းကျားဆန်းလည်း ဒါကိုကြားသည့်အခါ မျက်မှောင်ကျုံ့သွားကာ နဥ်ရှုကို လှမ်းကြည့်သည်။ နဥ်ရှု၏ အကြည့်နှင့် ဆုံသည့်အခါ ကျန်းကျားဆန်းသည် တစ်စုံတစ်ခုကို နားလည်သွားဟန် ပေါ်လာသည်။ ထို့နောက် သူမအား မကြည့်တော့ပေ။

ကျန်းကျားဆန်း၏ အမေသည် ထအော်ငိုမိတော့မည်ကို မနည်းထိန်းနေရသည်။ ကျန်းကျားဆန်း၏ အဖေကတော့ ခနလေးအတွင်းမှာ ပို၍အိုစာလာတော့သည်။

ရဲများက ထောင်ဝတ်စုံဖြင့် အန်တီပင်းကို ခေါ်လာကြသည်။

အန်တီပင်းသည် ပိန်လီနေကာ ထောင်ဝတ်စုံကတောင် ချောင်ကျနေသည်။ ဆံပင်များကလည်း ဖြူဖွေးနေပြီ။ သူမသည် အသက်၅၀ကျော်ပဲ ရှိသေးသော်လည်း အခုတော့ သချိုင်းကုန်းကို ခြေတစ်လှမ်းနင်းထားသည့်အသွင် ဖြစ်နေတော့သည်။

ဇာမဏီလိုကောင်စုတ်/ဇာမဏီလိုကောင်စုတ် (Realm 14)Where stories live. Discover now