57

4.9K 858 7
                                    

Unicode Ver

၅၇။ ပြဇာတ်တစ်ပုဒ်ကို ကြည့်နေရသလို

ပင်ပင်ပန်းပန်း သူကြိုးစားခဲ့သမျှ အရာအားလုံသည် သူမပိုင်ဆိုင်ရတော့ဘဲ ဆုံးရှုံးသွားခဲ့ပြီ။ ဒီမြို့မှာ သူ့၏အုတ်မြစ်ပျောက်ရှလေပြီ။ သူ့၏မျက်လုံးများမှာ အရောင်မှေးမှိန်လာသည်။
'ကုမ္ပဏီမှာ လူတိုင်းအားကျရတဲ့ CEOအထိ ဖြစ်လာခဲ့ပြီးမှ အခုတော့ ငါ့မှာဘာမှ မကျန်တော့ဘူး'

ဆီပူအိုးထဲတွင် အကြော်ခံနေရသလို ခံစားချက်မျိုး ဖြစ်လာသည်။ ကျန်းကျားဆန်းသည် ပူလောင်နေကာ နာကျင်နေရသည်။ သူ့အရှေ့က နဥ်ရှုအား
"ဘယ်လောက်နဲ့ အိမ်ကို ရောင်းလိုက်တာလဲ?"

နဥ်ရှုက ရယ်ချင်လာသည်။ အခုလို အချိန်တွင်တောင် သူဂရုစိုက်တာက ငွေသာ ဖြစ်နေသေးသည်။ နဥ်ရှုက လက်တစ်ချောင်းထောင်ပြလိုက်သည်။ ကျန်းကျားဆန်းသည် နဥ်ရှု၏လက်ကိုကြည့်ကာ မျက်နှာကြီးဖြူဖပ်သွားသည်။
"ငါ့နာမည်လည်း ပါတာပဲ။ ငါ့ကိုအသိမပေးဘဲ အိမ်ကိုရောင်းရလားကွ! မြောင် မြောင်မြောင် မင်းတမင်လုပ်တာမလား! ဒါတွေအကုန် မင်းရည်ရွယ်ချက်ရှိရှိ လုပ်လိုက်တာမလား?"

ထိုအိမ်က နေရာကောင်းတွင်ရှိသည်။ သုံးသန်းလောက် ရသင့်သည်ကို သုံးပုံတစ်ပုံဈေးလေးဖြင့် ရောင်းပစ်လိုက်သည်။

နဥ်ရှုက ပုခုံးလေးကို တွန့်လိုက်ကာ
"ရှင့်ကိုကယ်ဖို့ လုပ်တာပဲလေ"

"ငါ့ကိုကယ်ဖို့?"
ကျန်းကျားဆန်းက ခြောက်ကပ်ကပ် ရယ်လိုက်သည်။
'မြောင်မိသားစုက အိမ်ရောင်းပေးရလိုက်သည့်အထိ မဆင်းရဲဘူး။ ဒီအခိုက်အတန့်ကို အသုံးချပြီး မြောင်မြောင်၏ အဖေက သူ့ဝေစုကို တမင်ထုတ်ပစ်တာပဲ ဖြစ်မယ်'

ကျန်းကျားဆန်းကာ ဒေါသထွက်ကာ သူ့ကိုယ်သူ မထိန်းနိုင်တော့ပေ။ ထို့ကြောင့် နောက်ကိုမှီထိုင်လိုက်ရကာ မျက်လုံးများက ပို၍သွေးဆာလာသည်။  သို့သော်လည်း မြောင်မြောင်၏ မျက်နှာထက်က ဂရုမထားမှုတို့ကိုမြင်သော် လန့်သွားကာ ထပ်ကာတလဲလဲ ပြောတော့သည်။
"မြောင်မြောင် ကိုယ်မင်းကို တကယ်ချသ်တာပါ။ ကိုယ်ထွက်လာတာနဲ့ အကုန်လုံးကို ရှင်းပြပါ့မယ်"

ဇာမဏီလိုကောင်စုတ်/ဇာမဏီလိုကောင်စုတ် (Realm 14)Место, где живут истории. Откройте их для себя