41

6.2K 918 25
                                        

Unicode Ver

၄၁။ မင်းဘာလို့ ရေအခွန်မီးအခွန်တွေ မဆောင်တာလဲ?

ကျန်းကျားဆန်းက စိတ်အခြေအနေ မကောင်းသဖြင့် ဘားတွင်အရက်သွားသောက်ပြီး အိမ်သို့ပြန်လာခဲ့သည်။ အိမ်သို့ညောက်သည့်အခါ တစ်အိမ်လုံး မှောင်မဲနေသည်။ အမှောင်ထဲတွင် စမ်းတဝါးဝါးလျှောက်ရင်း ခလုတ်တိုက်မိသည့်အခါ ဒေါသထွက်စွာ အော်လေသည်။

"ဘယ်သူက မီးမှိတ်ထားတာလဲ?"
ကျန်းကျားဆန်းက အေးစက်စွာ အော်သည်။

"နင်ဘယ်တွေသွားနေတာလဲ? တစ်နေ့လုံး မီးရော ရေရောပျက်နေတယ်။ ငါတို့ကိုအဆာငတ်သေအောင် လုပ်နေတာလား?"
ကျန်းကျားဆန်း၏ အမေအသံမှာ အမှောင်ထဲကနေ စူးစူးဝါးဝါးထွက်လာသည်။
"နင့်ညီမလေးသာ မှာစားလို့ရတဲ့ အကြောင်းကို မသိရင် နင့်အဖေရော ငါရော အဆာငတ်ပြီး သေနေလောက်ပြီ!"

ကျန်းကျားဆန်းက သူ့အမေပြောသည်ကို ကြားသည့်အခါ စိတ်ထဲတွင် ကူကယ်ရာမဲ့သွားသည်။ ဖုန်းမှမီးကိုဖွင့်ကာ မီးဖိုချောင်ထဲသို့သွားပြီး ဖယောင်းတိုင်ရှာလိုက်သည်။ မီးထိန်းပြီး ထွက်လာသည့်အခါ တစ်မိသားစုလုံးက ဧည့်ခန်းရှိ ဆိုဖာများပေါ်တွင် အခန့်သားထိုင်နေကြသည်။

"ကျားဆန်း တခြားအိမ်တွေမှာ မီးရနေတာ ငါမြင်သားပဲ။ ဘာဖြစ်လို့ ငါတို့အိမ်က မီးမလာတာလဲ?"
ကျန်းကျားဆန်း၏အမေက ဒေါသထွက်နေသည်။
"ဘာဖြစ်လို့ ငါတို့ကို မီးမပေးတာလဲ?"

"အကိုကြီး မီးဘယ်တော့ ပြန်လာမှာလဲ? ကျွန်တော်ဂိမ်းဆော့နေရင်း မီးပြတ်သွားတာဗျ"
ကျန်းကျားဆန်း၏အငယ် အမွှာနှစ်ယောက်ထဲမှ သူ့ညီလေးက မေးသည်။

"ကျားဆန်း နင့်ယောက်ဖကိစ္စကရော. . ."
ကျန်းကျားဆန်း၏ အမကြီးက သူ့အား အားကိုးတကြီး မေးလာသည်။

ကျန်းကျားဆန်းသည် မူးလာသည်ဖြစ်သလို သူ့အားဒီလိုတဗြစ်ဗြစ် ဇွတ်ပြောနေကြသည့်အခါ ဒေါသထွက်လာသည်။

သူက နဥ်ရှုအား ချက်ချင်းဖုန်းခေါ်လိုက်သည်။ ဖုန်းဝင်သွားချင်း သု့ပါးစပ်က ထွက်သည့်စကားမှာ
"မြောင်မြောင် မင်းဘာလို့ ရေအခွန်မီးအခွန်တွေ မဆောင်တာလဲ?"

ဇာမဏီလိုကောင်စုတ်/ဇာမဏီလိုကောင်စုတ် (Realm 14)Tempat cerita menjadi hidup. Temukan sekarang