16

5.7K 906 20
                                    

Unicode Ver

၁၆။ CEOအနေနဲ့

မကျေနပ်မှုက ကျန်းကျားဆန်း၏မျက်နှာထက်တွင် ချက်ချင်းပေါ်လာသော်လည်း အရမ်းချစ်နေသလိုပုံစံဖြင့်
"မင်းက ကိုယ့်ရဲ့မင်းသမီးလေးပါပဲ။ ဘာမှမလုပ်နိုင်ရင်တောင် မင်းကိုချစ်မယ့်ကိုယ်ရှိနေတာမလို့ ကံကောင်းနေမှာပါ"

နဥ်ရှု : သွေးတစ်လုပ်အန်ထွက်. . .

နဥ်ရှုက ဒီယောက်ျားကို ပါးရိုက်ပစ်ချင်နေသည်။ ကျန်းကျားဆန်းက ဒီလိုပြောလာလိမ့်မည်ဟု သူမမခင်ခဲ့ပေ။ မူလဇာတ်ကြောင်းထဲတွင် ဒီလိုမျိုးမှ မပြောခဲ့တာ။

သေချာသည်ကတော့ ကျန်းကျားဆန်းမှာ သူမအားကုမ္ပဏီတွင် မလုပ်စေချင်ပေ။ သို့သော် သူမက သူ့အထက်မှ CEOဖြစ်နေပြန်သည်။ ပြီးတော့လည်း သူမကသည်သာ ဒီကုမ္ပဏီ၏ ဆက်ခံသူဖြစ်နေသည်။

ပါးရိုက်ချင်နေသော်လည်း နဥ်ရှုသည် ခပ်ဖွဖွအပြုံးလေးဖြင့် ကျန်းကျားဆန်းအား
"ရှင်ကျွန်မကို ဂရုစိုက်ပေးတာကို သိတာပေါ့"

ထိုအချိန်တွင် တံခါးခေါက်သံနှင့်အတူ ရွှယ်မန်မန်က ဝင်လာသည်။

နဥ်ရှုက ရွှယ်မန်မန်ကို မြင်သည့်အခါ ပထမဆုံးတွေးမိသည်က သူမသည် ထန်ချန်းမြို့နယ်က စံအိမ်တွင်နေသည် ဆိုတာပင် ဖြစ်သည်။
'အတွင်းရေးမှူးက ဒီလိုအိမ်မှာ နေရတယ်ပေါ့။ ကျန်းကျားဆန်းရဲ့ မယားငယ်အဖြစ် ပတ်သက်မှုမျိုး မဟုတ်ရင် နှစ်ယောက်က တကယ်ကြီးချစ်နေကြလို့ပဲ'

"ဘာဖြစ်လို့လဲ?"
နဥ်ရှုက ရွှယ်မန်မန်ကို ခေါင်းအစ ခြေအဆုံး စိုက်ကြည့်ကာ မေးလိုက်သည်။

ရွှယ်မန်မန်ကတော့ ကျန်းကျားဆန်းကိုပဲကြည့်ကာ
"ဒါရိုက်တာ အရောင်းဌာနရဲ့မန်နေဂျာက ဆွေးနွေးစရာရှိပါတယ်တဲ့"

နဥ်ရှု၏မျက်ခုံးတို့က မြင့်တက်သွားသည်။ ဒီလိုကိစ္စမျိုးမရှိတာ သူမသေချာပါသည်။ ရွှယ်မန်မန်ကသာ ကျန်းကျားဆန်းနှင့် သူမတို့နှစ်ယောက်ရှိနေချိန်တိုင်းတွင် အကြောင်းအမျိုးမျိုးဖြင့် ပေါ်လာခြင်းသာ ဖြစ်သည်။
'ဟိုတစ်ခေါက်တုန်းက စာရွက်လွတ်ကြီးမှာ လက်မှတ်လာထိုးခိုင်းတယ်။ အခုလည်း အရောင်းဌာနမန်နေဂျာတဲ့လား'

ဇာမဏီလိုကောင်စုတ်/ဇာမဏီလိုကောင်စုတ် (Realm 14)Donde viven las historias. Descúbrelo ahora