Part (1)

26.8K 1.1K 30
                                    

Unicode

လန်တိုင်းပြည် ပြည့်ရှင်မင်းကြီး၏ တစ်ဦးတည်းသော သားတော်မင်းသားလေး လန်ဝမ့်ကျီး၏ လေးနှစ်ပြည့်မွေးနေ့တော်အတွက် နိုင်ငံအတွင်း ပျော်ပွဲရွှင်ပွဲများကျင်းပပေးပြီး နန်းတော်အတွင်း၌လည်း ပွဲတော်ကြီး ကျင်းပဖို့ ပြင်ဆင်နေကြသည်။ ထိုပွဲတော်သို့ တက်ရောက်ရန် တော်ဝင်ဆွေတော်မျိုးတော်များထံ ဖိတ်ကြားလွှာများပေးပို့ထားတော့ ဝေ့အိမ်တော်အတွင်းမှာ မင်းသားငယ်လေးအတွက် လက်ဆောင်ပဏ္ဏာများပြင်ဆင်ရင်း အလုပ်များနေကြသည်။

"သား ရှန့်ရှန့် အဆော့မက်မနေနဲ့တော့ကွယ်။ မာမားတို့ နန်းတော်ထဲသွားရမှာလေ"

ဝေ့သခင်မက နန်းတော်ထဲသွားခါနီး သူ့အရုပ်လေးတွေနှင့် ထိုင်ဆော့နေသည့် သားငယ်လေးကို ပွေ့ချီကာ ပြောလိုက်သည်။

"နန်းတော်က ဘယ်လိုမျိုးလဲမာမား"

ခေါင်းလေးကုတ်ရင်း မေးလာသည့် သားလေးကို ချစ်စနိုးနမ်းလိုက်ကာ

"နန်းတော်ဆိုတာ မင်းကြီးရဲ့ အိမ်တော်ပေါ့ရှန့်ရှန့်ရဲ့ မာမားတို့အိမ်ထက်လဲ ကြီးတယ် ပြီးတော့ အစေခံတွေလဲ အများကြီး အဲ့တာကြောင့်နန်းတော်ထဲရောက်ရင် မာမားနားမှာပဲနေနော် ဘယ်မှလျှောက်မသွားရဘူး"

"ဟုတ်ကဲ့မာမား"

"လိမ္မာလိုက်တဲ့ သားလေး"

ဝေ့မိသားစု နန်းတော်ထဲရောက်တော့ မင်းကြီးနှင့် မိဖုရားများကို အရိုအသေပေးလိုက်ကြပြီး သူတို့ရဲ့ သီးသန့်နေရာမှာ ဝင်ထိုင်လိုက်ကြသည်။ ဝေ့သခင်ကြီး ဝေ့လျိုယန်က မင်းကြီး၏ တောင်နန်းစံမိဖုရားငယ်ရဲ့ မောင်ဖြစ်ပြီး နယ်စပ်ရေးရာအမတ်တစ်ယောက်လဲဖြစ်သည်။

"ဒီကလေးက ရှန့်ရှန့်လား ယွင်ယီ(ဝေ့သခင်မ)"

မိဖုရားခေါင်ကြီးက ရှန့်ရှန့်ကို ကြည့်ရင်းမေးလိုက်သည်။ ဖြူဖြူလုံးလုံးလေးနှင့် ယုန်သွားလေးများပေါ်အောင် ရယ်ပြနေသည့် ကလေးငယ်လေးကို မိဖုရားကြီးက ချစ်မဝဖြစ်နေသည်။

"ရှန့်ရှန့်လေးက သားတော်လေးနဲ့ ရွယ်တူပဲနော်"

"မှန်ပါတယ် မိဖုရားခေါင်ကြီး"

Innocent Felon (Completed)Where stories live. Discover now