Part (35)

4.1K 493 20
                                    

Unicode

"ရှောင်းကျန့်"

"ဟင်...."

"ရော့မင်းအတွက်"

"လက်ကောက်လေးလား"

"အင်း ငါ့ဘာသာလုပ်ထားတာ။ ဒီကြိုးကို ဖူးစာကြိုးနီလို့ခေါ်တယ်။ မင်္ဂလာဆောင်တဲ့အခါ သတို့သားနဲ့ သတို့သမီးရဲ့ လက်မှာ ချည်ကြတယ်တဲ့။ အဲ့တာဆိုရင် အဲ့ဒီစုံတွဲက ဘယ်တော့မှ မကွဲဘူး တစ်သက်လုံးပေါင်းဖက်နိုင်တယ်တဲ့"

"မင်းက အဲ့လိုဟာတွေယုံတာပဲလား"

"အင်း ယုံတယ်။ မင်းမယုံရင် စောင့်ကြည့်ကြည့်လေ"

"ငါ့ကို ဝတ်ပေး"

ရိပေါ်က ရှောင်းကျန့်လက်သေးသေးကို တစ်ချက်နမ်းကာ လက်ကောက်နီလေးကို သေချာဝတ်ပေးလိုက်သည်။

"ဘယ်တော့မှ မချွတ်ရဘူးနော်"

"အင်း...မချွတ်ဘူး..."

"အခု ငါတို့ကို ဘယ်သူကမှမခွဲနိုင်တော့ဘူး"

"တကယ်လား"

"တကယ်ပေါ့"

"လှလိုက်တာ"

"ရှောင်းကျန့်"

"ဟင်"

"ငါမင်းကိုချစ်တယ်"

"ငါလဲ မင်းကိုချစ်တယ် ရိပေါ် ဘယ်လိုတွေပဲ ဖြစ်လာလာ ငါ့ကိုမမုန်းပါနဲ့နော်။ ငါမင်းကို အမြဲချစ်နေမှာ မှတ်ထားပေးပါ။"

"ငါမင်းကို မုန်းစရာလား အရူးလေးရယ်။ ချစ်လို့တောင်မဝတာကို"

နှုတ်ခမ်းလွှာနှစ်ခု နူးနူးညံ့ညံ့ထိကပ်သွားချိန်မှာ တစ်ယောက်ကို တစ်ယောက် ဘယ်လောက်ထိ ချစ်ကြောင်းသက်သေထူလိုက်ကြတယ်။တိတ်တခိုးကျသွားသည့် မျက်ရည်စတို့ကိုတော့ ရှောင်းကျန့် မသိမ်းဆည်းလိုက်နိုင်။ရိပေါ်သတိမထားမိလို့ တော်ပါသေးတယ်။ အတူရှိချိန်က အကုန်မြန်လွန်းတာကြောင့် ဒီညတော့ ညတာရှည်ခဲ့ရင် သိပ်ကောင်းမှာပဲ။
________________________
မျက်နှာပေါ် နေရောင်ကျလာတာကြောင့် ရိပေါ် နိုးလာသည်။ ရင်ခွင်ထဲမှာ လစ်ဟာနေတာကြောင့် ဟိုဒီရှာကြည့်လဲ ရှောင်းကျန့်ကို မတွေ့။ မနက်စာများသွားစားနှင့်ပြီလား...။ အကြည့်တို့က စားပွဲပေါ်မှ စာတစ်စောင်ကို ရောက်ရှိသွားချိန်မှာ။

Innocent Felon (Completed)Where stories live. Discover now