Part (78)

4.5K 479 30
                                    

Unicode

ဝေ့ရင်း ကြာပန်းကန်နံဘေးမှာ ထိုင်ရင်း ပန်းချီဆွဲနေသည်။ ခုတလော လန်ကျန့်က ညတိုင်းလိုလို သူ့အိပ်ဆောင်ကို လာတာကြောင့် မနက်အိပ်ရာနိုးတိုင်း လူက တစ်ကိုယ်လုံးနာကျင်ကိုက်ခဲ နေတတ်သည်။ လန်ကျန့်ကတော့ အားဆေးနေ့တိုင်းပို့ပေးပေမဲ့ သူမသောက်ရဲ။ ယောကျ်ားသားတစ်ယောက်မို့ မတော်တဆ ကိုယ်ဝန်ရသွားမှာ သူကြောက်နေမိသည်။

"ဘာပုံတွေဆွဲနေတာလဲ ဝေ့ရင်း"

ဝေ့ရင်း အတွေးထဲနစ်မြော​နေတုန်း လန်ကျန့်က သူ့ကိုနောက်ကနေ သိုင်းဖက်ရင်းမေးလာသည်။

"ကြာပန်းပုံပါ အရှင်"

"နှစ်ယောက်ထဲရှိတဲ့အချိန် ကိုယ့်ကို လန်ကျန့်လို့ပဲခေါ်ပါ ဝေ့ရင်း"

"အင်း....လန်ကျန့်"

"ရွှတ်.....ထမင်းစားပြီးပြီလား"

"အင်း"

"ကိုယ်ပို့ပေးတဲ့ အားဆေးရော ပုံမှန်သောက်တယ်မလား"

"အဲ....ဟို....အင်းသောက်ပါတယ်"

"အရမ်းခါးလား"

"ဟမ်....အင်းခါးတယ်"

"ဟုတ်လား ကိုယ်သမားတော်ကို မခါးအောင်ပျားရည်ထည့်ပေးဖို့မှာထားတဲ့ဟာ"

"မခါးဘူးလို့ပြောတာ သိပ်မခါးဘူး ဟုတ်တယ် ပျားရည်ပါလို့ထင်တယ်...အဟင်း"

"ဒီနားမှာ အကြာကြီးမနေနဲ့နော်...လေတိုက်တယ်....မင်းဖျားမှာစိုးလို့"

"မဖျားနိုင်ပါဘူး ငါက ယောကျာ်းလေးပဲကို"

"ဒါပေမဲ့ ကိုယ်စိတ်ပူတယ်လေ"

"အင်းပါ...ခဏလေးပဲနေမယ်လေနော်...."

လန်ကျန့် လည်ပင်းကို သိုင်းဖက်ကာ ပါးလေးကို ရွှတ်ကနဲနမ်းလိုက်သည့် ဝေ့ရင်းက အရမ်းချစ်ဖို့ကောင်းနေသည်။

"ဝေ့ရင်း ကိုယ့်ကို မြှူစွယ်နေတာလားဟင်...ကိုယ်ကနေရာမရွေးဘူးနော်"

"အိုက်ယား....လန်ကိုကိုလေး မင်းကတော်တော်ဆိုးတာပဲ....ငါ့ကိုနေ့တိုင်း အမဲဖျက်နေတာတောင်အားမရသေးဘူးလား"

"ဟင့်အင်း....ဝေ့ရင်းက အရမ်းချစ်ဖို့ကောင်းနေတာကို အဲ့တာမင်းအပြစ်ပဲလေ"

Innocent Felon (Completed)Where stories live. Discover now