Part (3)

7.7K 851 11
                                    

Unicode

"လန်ကျန့် မင်းအတွက်"

ဝေ့ရင်းက ပဝါစလေးတစ်ခုကို လန်ကျန့်လက်ထဲထည့်ပေးလိုက်သည်။

"ဘာအတွက်လဲ"

"အိမ်ရှေ့စံဖြစ်သွားလို့ ဂုဏ်ပြုတာလေ...."

လန်ကျန့်က ဝေ့ရင်းပေးတဲ့ ပဝါစလေးကို ဖြန့်ကြည့်တော့ ချစ်စရာကောင်းသည့် ခြင်္သေ့ပေါက်လေးနှင့် ယုန်ပေါက်လေးပုံဆွဲထားသည်။ ယုန်ပေါက်လေးက အေးအေးလူလူ မုန်လာဥထိုင်စားနေတာကို ခြင်္သေ့ပေါက်လေးက အနားမှာထိုင်ရင်း စောင့်ရှောက်ပေးနေသည့်ပုံလေး။

"ကြိုက်လားဟင်"

"အင်းအရမ်းကြိုက်တယ်"

"မင်းကြိုက်လို့တော်သေးတာပေါ့...ငယ်ငယ်က မင်းငါ့ကို ယုန်ရုပ်လေးပေးဖူးတယ်လေ ငါက ဘာမှပြန်မပေးဘူးတော့ တစ်ခုခုပြန်ပေးချင်တာနဲ့"

"ကျေးဇူးပဲဝေ့ရင်း....ငါမင်းလက်ဆောင်ကိုကြိုက်ပါတယ်။ မင်းဘာပေးပေးကြိုက်တယ်"

"ဟီး"

"အခန်းအနားစတော့မယ် သွားရအောင်ဝေ့ရင်း"

"ဟုတ်သားပဲ ခဏနေဦး"

ဝေ့ရင်းက ရုတ်တရက် ဦးညွတ်အရိုအသေပေးကာ

"အိမ်ရှေ့စံဖြစ်သွားလို့ ဂုဏ်ယူပါတယ် အရှင့်သား"

ခပ်ပြုံးပြုံးပြောနေသည့် ဝေ့ရင်းအမူအရာကြောင့် လန်ကျန့်စိတ်ထဲမှာ တမျိုးတမည်ဖြစ်သွားသည်။ ဝေ့ရင်းက သိပ်ချစ်ဖို့ကောင်းတာပဲ။

"ဟားဟား....သွားရအောင် ဝေ့ရင်း"

အိမ်ရှေ့စံအပ်နှင်းသည့် အခမ်းအနား

အခမ်းအနားကိုရောက်တော့ ဝေ့ရင်း ပါးကိုလိုက်ရှာမိသည်။ ပါးက ဘယ်ရောက်နေမှန်းမသိ။ အရင်တပတ်လုံးလဲအိမ်ပြန်မလာ။ မားကိုပဲတွေ့တော့မားအနားမှာပဲ ဝင်ထိုင်နေလိုက်သည်။ မင်းကြီးနှင့် မိဖုရားခေါင်ကြီးက ပလ္လင်ထက်မှာနေရာယူကာ ကျန်မိဖုရားငယ်များက အနားက မနိမ့်မမြင့်နေရာတွင် ကိုယ်စီထိုင်နေကြသည်။ ခဏနေ အခမ်းအနားစ​တော့ အိမ်ရှေ့စံမင်းသားအဆောင်အယောင်နှင့် နဂါးပုံကိုရွှေချည်ထိုးထားသည့် ဝတ်ရုံတော်ကြီးနှင့် လန်ကျန့်က ဖြည်းဖြည်းချင်းလှမ်းဝင်လာသည်။ ဆယ်နှစ်သားအရွယ်မင်းသားငယ်လေးပေမဲ့ လန်ကျန့်ပုံစံက ထိုဝတ်ရုံနှင့်လိုက်ဖက်လွန်းနေသည်။ ဝေ့ရင်းလဲ သူမမြင်ဖူးသေးသည့် သြဇာအရှိန်အဝါကြီးမားနေသော လန်ကျန့်ပုံစံကို မျက်တောင်မခတ်တမ်းငေးနေမိသည်။ လန်ကျန့်က အရမ်းကို ခံ့ညားတာပဲ။
မိုးမြေနတ်ကန်တော့ပြီး အိမ်ရှေ့စံရာထူးနှင်းအပ်ပြီးသွားတဲ့တော့ လန်ကျန့်က ပုလ္လင်တော်ပေါ်ထိုင်ရင်း တစ်စုံတစ်ယောက်ကိုလိုက်ရှာနေသည်။ ခပ်လှမ်းလှမ်းကနေ သူ့ကိုငေးကြည့်နေသည့် ယုန်ပေါက်ကိုတွေ့တော့ မျက်နှာလေးပြုံးသွားသည်။

Innocent Felon (Completed)Where stories live. Discover now