Part (14)

4.8K 584 14
                                    

Unicode

"ရှောင်းကျန့် လိမ္မာပါတယ်ကွာ ဆက်မချွတ်နဲ့​တော့နော်"

'ကြာရင်ငါနှာခေါင်းသွေးလျှံတော့မယ် ကောင်စုတ်ရဲ့'

"ဖယ်"

"မဖယ်ဘူး"

နှစ်ယောက်သား ရုန့်ရင်းဆန်ခတ်တွေဖြစ်ပြီး ရိပေါ်က ရှောင်းကျန့်အပေါ်ကို ထပ်လျက်ပြုတ်ကျသွားသည့် နူးညံ့သည့် နှုတ်ခမ်းနှစ်လွှာက ထိကပ်သွားတာ အကြာကြီး။ ရိပေါ်က သတိလက်လွတ်နှင့် ကြောင်နေမိသည်။ အောက်က အမူးသမားလေးက သူ့နှုတ်ခမ်းကို သကြားလုံးများထင်နေလားမသိ။ တပြွတ်ပြွတ်နှင့်စုပ်နေသည်။ တစ်ချက်တစ်ချက်လဲ ဆွဲကိုက်သေးတာ။ ရိပေါ် မူးနေသည့်လူကို အခွင့်အရေးယူသလိုဖြစ်မှာ စိုးရိမ်ပေမဲ့ စိတ်ကမထိန်းနိုင်တော့ဘဲ ရှောင်းကျန့်နှုတ်ခမ်းကို ခပ်ကြမ်းကြမ်းနမ်းရှိုက်လိုက်သည်။

"အွန်း........ဟင်း"

အနမ်းတွေက ရှောင်းကျန့် နှုတ်ခမ်းအောက်က မှဲ့လေးမှာ အချိန်ကြာကြာခိုနားနေသည်။ ကျော့ရှင်းတဲ့ လည်တိုင်လေးကို အနမ်းတို့ ရောက်ရှိသွားချိန်မှာ ရှောင်းကျန့်ရဲ့ ညည်းသံလေးထွက်လာသည်။ ထိုအခါမှ ရိပေါ် ဝုန်းကနဲထကာ

"ငါ.....ငါဘာလုပ်နေမိတာလဲ.....ရှောင်းကျန့်...သူက ယောကျာ်းလေးလေ.....ဝမ်ရိပေါ်....မင်းကတော့ကွာ"

ရိပေါ် ရှောင်းကျန့်ကို စောင်နှင့်ပတ်ထားလိုက်ပြီး သူ့ကုတင်သို့ထပြေးရသည်။ ခုန်နေသည့် ရင်ဘတ်ကို လက်နှင့်ဖိထားရသည်။ 'မှားနေပြီ တစ်ခုခုတော့ အကြီးအကျယ်ကိုမှားနေပါပြီ။'
_________________________
မိုးလင်းတော့ ရှောင်းကျန့်ခေါင်းတွေတဆစ်ဆစ်ကိုက်ရင်း နိုးလာသည်။ လူကလဲ တစ်ကိုယ်လုံး လှုပ်လို့မရ။ လှုပ်မရဆို သူ့တစ်ကိုယ်လုံး စောင်နှင့် အပတ်ခံထားရတာကို။

"အား.....ဝမ်ရိပေါ်....မင်းလက်ချက်မလား....ငါ့ကိုလွှတ်ပေး"

အခန်းထဲမှာ ဝမ်ရိပေါ်ရှိဟန်မတူ။ နေဖင်ထိုးအောင်အိပ်တတ်သည့် ဒီကောင်က အစောကြီးဘယ်ထသွားပါလိမ့်။

စာသင်ဆောင်ထဲရောက်တော့ ရှောင်းကျန့်ဝမ်ရိပေါ်ကို မတွေ့။ ခဏနေတော့ ယွီပင်းတို့နှင့် ဟီးဟီးဟားဟားလုပ်ရင်းဝင်လာသည်။ ရှောင်းကျန့်ရန်တွေ့ဖို့ သူ့နားကိုသွားတော့ သူက ရှောင်းကျန့်ကို မမြင်ချင်ယောင်ဆောင်ကာ ရှောင်သွားသည်။

Innocent Felon (Completed)Where stories live. Discover now