Part (84)

4.5K 479 24
                                    

Unicode

ဟွိုင်စန်းနှင့် မုန့်ယောင် ညည့်နက်သန်းခေါင် နန်းတွင်းစာကြည့်ဆောင်မှ ပြန်လာတုန်း မိဖုရားအဆောင်ထဲသို့ ခိုးကြောင်ခိုးဝှက် ခပ်သုတ်သုတ်ဝင်သွားသည့် လူတစ်ယောက်ကို တွေ့သည်နှင့် အနောက်ကနေ လိုက်ချောင်းကြည့်လိုက်ကြသည်။

"ဟင်....မိဖုရားပဲ"

"မိဖုရားက ဒီအချိန်ကြီးဘာလို့ အပြင်ထွက်တာလဲ ပြီးတော့လဲ ခိုးကြောင်ခိုးဝှက်နဲ့"

"အေး ဘာကြံနေတာလဲမသိဘူး"

"အရှင့်ကိုပြောကြမလား"

"အေး"

နှစ်ယောက်သား လန်ကျန့်ကို ပြောပြတော့ လန်ကျန့်က လိုရမယ်ရ မိဖုရားအဆောင်တွင် သတင်းပေးတစ်ယောက်ခန့်ထားပြီး မိဖုရားလုပ်သမျှကို အစီရင်ခံခိုင်းလိုက်သည်။
______________________
"ကျန်းချန်.....တကယ်ကြီး ရန်လီကကျင်းဇီရွှမ်းနဲ့ လက်ထပ်တော့မှာလား"

ဒီနေ့ ကျန်းချန်က ဝေ့ရင်းဆီလာလည်ရင်း သူ့အစ်မမင်္ဂလာဆောင်တော့မည့်အကြောင်း အသိပေးလာသည်။ သတို့သားက ကျင်းဇီရွှမ်းဆိုတော့ ဝေ့ရင်း ခမျာ တအံ့တသြ

"အေး တကယ်ပါဆို မင်္ဂလာပွဲက သန်ဘက်ခါ"

"မြန်လိုက်တာ....နဲနဲရက်ရွေ့လို့မရဘူးလား...ငါ...ငါ့ကို လန်ကျန့်က အပြင်မထွက်ခိုင်းဘူး"

"ကျင်းသခင်မကြီးကိုယ်တိုင်ရက်ရွေးထားတာ"

ဟိုအရင် ဝေ့မင်းကြီး ကျန်းမောင်နှမကို နှင်ထုတ်လိုက်တုန်းက ကျန်းချန်နှင့် ရန်လီတစ်ယောက်တစ်နေရာစီကွဲသွားကြရသည်။ ကျန်းချန်က သူ့အစ်မကို သူ့သူငယ်ချင်း ကျင်းဇီရွှမ်း၏ ကျင်းဂိုဏ်းမှာ အပ်ခဲ့ပြီး သူကတော့ ချန်နိုင်ငံကို ထွက်သွားခဲ့သည်။ ကျင်းဂိုဏ်းမှာ အနေကြာလာတော့ ကျင်းဇီရွှမ်းနှင့် ရန်လီတို့ မေတ္တာမျှသွားကြဟန်တူသည်။ ရန်လီက အထိန်းတော်တစ်ယောက်မို့ ချမ်းသာကြွယ်ဝသည့် ကျင်းမိသားစုက လက်မခံနိုင်မှာ ဝေ့ရင်းစိုးရိမ်မိသည်။

"သူတို့က ရန်လီကို သဘောရောကျရဲ့လားဟင်....တော်ကြာ ကျင်းဇီရွှမ်းတို့မိသားစုတွေ ရန်လီကို အနိုင်ကျင့်နေမှဖြင့်"

Innocent Felon (Completed)Hikayelerin yaşadığı yer. Şimdi keşfedin