Part (32)🚨

7.9K 544 19
                                    

Unicode

"ဝိုး....ဒါမင်းပြောတဲ့ ရေတံခွန်လား"

"အင်း"

ရိပေါ်က ရှောင်းကျန့်ကို တောအစပ်နားက ရေတံခွန်ဆီ လက်ဆွဲခေါ်လာသည်။

"ရေကအေးနေတာပဲ...မင်းကဒီမှာရေချိုးတာလား"

"အင်း မင်းလဲချိူးချင်ချိုးလေ"

"အင်း"

ရှောင်းကျန့်က အပေါ်ဝတ်ရုံကို ချွတ်ပြီး အတွင်းအင်္ကျီနဲ့ ရေထဲဆင်းသွားသည်။ ရိပေါ်လဲ ရှောင်းကျန့်နောက်က လိုက်ဆင်းသွားသည်။

"ဒီထဲမှာ ငါးတွေမရှိဘူးနော်....ဟင်...ရိပေါ် မင်းဘာလို့ အနားကပ်လာတာလဲ"

"ဘာလို့လို့ထင်လဲ"

"ဝမ်ရိပေါ်...ဒီ...ဒီနားမှာ မင်းအိမ်ကလူတွေရှိတယ်မလား"

ရှောင်းကျန့်က ရိပေါ်ရှေ့တစ်လှမ်းတိုးလာလေ နောက်ကို တစ်လှမ်းဆုတ်လေ။ အစားခံရမှာ ကြောက်နေတဲ့ ယုန်လေးလိုပဲ။

"ဘယ်သူမှမရှိဘူး ဒီအချိန်ဆို အကုန်လုံး အလုပ်လုပ်နေကြပြီ။"

ရှောင်းကျန့် နောက်ဆုတ်ရင်း ဆုတ်စရာနေရာမရှိတော့ဘဲ ကျောက်တုံးကြီးကြီးတစ်ခုနှင့် ရိပေါ်ကြားမှာ ညပ်နေသည်။ နီးကပ်လွန်းတဲ့ အနေအထားကြောင့် ရိပေါ်ရဲ့ အဝတ်မကပ်သည့် အပေါ်ပိုင်းက သူ့မျက်နှာနားမှာ။ တောင့်တင်းတဲ့ ရင်အုပ်ကျယ်ကျယ်မှာ ရေစက်တွေခိုတွဲနေတာမြင်တော့ ရှောင်းကျန့်မျက်နှာက ပန်းရောင်သန်းသွားသည်။

"ငါ....ငါမချိုးချင်တော့ဘူး....ဖယ်"

ထသွားဖို့ ပြင်နေသည့် ရှောင်းကျန်လက်ကို ရိပေါ်က ဆွဲချလိုက်တော့ သူ့ရင်ခွင်ထဲအလိုက်သင့်ပြိုကျလာသည်။ ရင်ခွင်ထဲက ယုန်ပေါက်ထမပြေးခင် ခါးကနေသိုင်းဖက်လိုက်ပြီး နှုတ်ခမ်းနှစ်လွှာကို ဂဟေဆက်လိုက်သည်။

"အွန့်.......ဟွန်း"

အစက ရုန်းကန်နေသည့် ယုန်ပေါက်မှာ ရိပေါ်အနမ်းတွေကို မတွန်းလှန်နိုင်ဘဲ ငြိမ်ကျသွားသည်။ ခဏနေတော့ ရှောင်းကျန့်ကပါ ပြန်နမ်းလာသည်။ ရေတံခွန်မှ ရေကျသံ တဝုန်းဝုန်းက သူတို့နှစ်ဦးရဲ့ နမ်းရှိုက်သံတွေကို ဖုံးကွယ်ပေးထားတော့ စိတ်လွတ်ကိုယ်လွတ်ကို ချစ်ပွဲဝင်နေကြသည်။

Innocent Felon (Completed)Where stories live. Discover now