Part (65)

4.6K 516 10
                                    

Unicode

ဝေ့ရင်း ကန်ထဲမှာ ရေချိုးနေတုန်း အသံကြားလို့ လှည့်ကြည့်တော့ ထွက်ပြေးသွားသည့် လူရိပ်တစ်ခုကိုတွေ့လိုက်သည်။ ဝေ့ရင်း လန့်သွားပြီး ကန်ထဲက အထ အစောတုန်းက ကျောက်တုံးပေါ်မှာ သူချွတ်ထားခဲ့သည့် အဝတ်တွေကို ရှာမတွေ့တော့။

"ဟင်....ငါ့အဝတ်အစားတွေရော"

တစ်ယောက်ယောက်က သူရေချိုးနေတုန်း အဝတ်အစားတွေကို တမင်ယူသွားခြင်းပင်။

"ငါ ဘယ်လိုပြန်ရမှာလဲ....ကျစ်....ဘယ်သူတောင်းစားက ငါ့အဝတ်အစားတွေယူသွားတာလဲကွ"

အဝတ်ဗလာဖြစ်နေသည့် ဝေ့ရင်းက ရေကန်ထဲမှာ ငုတ်တုတ်လေးထိုင်နေဆဲ။

"အဲ့လိုမှန်းသိ အကုန်မချွတ်ပါဘူးကွာ....နေဦး.....တပ်မှူးက ငါ့ကိုရေအတင်းချိုးခိုင်းနေလို့ ထူးဆန်းပါတယ်မှတ်နေတာ။ သူ့လက်ချက်များလား....ငါ့ကို အရှက်ခွဲချင်လို့ ငါ့အဝတ်အစားတွေယူသွားတာများလား....ကျစ်....သက်သေမရှိတော့ ထင်တိုင်းစွပ်စွဲလို့လဲမရဘူး"

ထိုအချိန် သစ်ပင်နောက်ကွယ်မှ လူတစ်ယောက်က ဝေ့ရင်းဆီလာဖို့ ခြေအလှမ်း

"အဟမ်း.....ကြင်ယာတော် ဒါဝတ်ထားလိုက်ပါ"

"အစ်....အစ်ကိုကျင်းယွီ"

အစ်ကိုကျင်းယွီက သူရေချိုးနေတာကို မြင်သွားခဲ့ပြီပဲ။ ပြီးတော့ သူဘယ်သူဆိုတာကိုပါ သိသွားခဲ့ပြီ။

သစ်ပင်အကွယ်က လူကတော့ သက်ပြင်းတစ်ချက်ချကာ ထိုနေရာကနေ လှည့်ထွက်သွားခဲ့သည်။
______________________
"ဟို....အစ်ကို အရှင့်ကို မပြောပါနဲ့နော်"

"ကျွန်​တော်မပြောပါဘူး ကြင်ယာတော်"

"ဟုတ်ကဲ့"

နှစ်ယောက်အကြား ပြောစရာစကားတို့ပျောက်ရှသွားသည်။ ကျင်းယွီကလဲ မျက်နှာမကောင်း။ ကြည့်ရတာ ဟိုတစ်နေ့ညက ကိစ္စအတွက် မျက်နှာပူနေဟန်ရှိသည်။

"ကြင်ယာတော် ကျွန်တော်တောင်းပန်ပါတယ်....ဟိုနေ့ညက ကျွန်တော်ပြောခဲ့တဲ့စကားတွေအပေါ် ကြင်ယာတော် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရင်"

Innocent Felon (Completed)Where stories live. Discover now