Part (100)Final

9.1K 610 85
                                    

Unicode

"ကြင်ယာတော်က ခုလိုမျိုး လက်ဖက်ရည်သောက်ဖို့ တကူးတကဖိတ်လို့ ဝမ်းသာမိပါတယ်ရှင်"

"အရင်ရက်တွေက ကျွန်တော် မင်းသမီးကို ဧည့်ဝတ်မကျေပွန်သလို ဖြစ်သွားခဲ့တယ် ထင်လို့ပါ။ ဒါပေမဲ့ ကျွန်တော့်ခင်ပွန်းက ကောင်းကောင်းဧည့်ခံပေးတယ်ဆိုလို့ ​ဖြေသာပါတယ်ဗျာ။ သူကအဲ့လိုပဲ ခဏတဖြုတ် ကြုံတောင့်ကြုံခဲ လာတတ်တဲ့ ဧည့်သည်တွေကို အရမ်း ဧည့်ဝတ်ကျေတာ"

"ဪ...အဟမ်း....အရှင်က သဘောကောင်းပါတယ်ရှင်။ စိတ်ရင်းအတိုင်းဆက်ဆံ တတ်တယ်ထင်ပါတယ်။ ဟာသဉာဏ်လဲရွှင်ပြီး...စကားပြောလဲ ကောင်းတယ်"

ဝေ့ရင်း ဟန်မင်းသမီးစကားကြောင့် လန်ကျန့်ကို အမှုန့်ချေပစ်ချင်စိတ်ပေါက်လာသည်။

"ဟုတ်ပါတယ်...သူက အရမ်းလူကြီးလူကောင်းဆန်တာ....အားနွဲ့တဲ့ မိန်းမသားတွေကို ညှာတာတတ်တယ်။ ညှာတာတတ်ဆို အသားချင်းထိရမှာတောင်ကြောက်တာလေ သူက။ အရင်မိဖုရားတုန်းကတောင် သူက....အယ်...ဒါတွေပြောပြနေလို့ မကောင်းပါဘူးလေ...အားနာလိုက်တာ မင်းသမီး"

"ရှင်....ဟုတ်ကဲ့"

ဝေ့ရင်းက ဟန်မင်းသမီးနှင့် စကားပြောရင်း လန်ကျန့်က မိန်းကလေးတွေကို ဘယ်လိုမုန်းကြောင်း သူ့ကိုတော့ ဘယ်လောက်ချစ်ကြောင်း။ နေ့တိုင်း အရိပ်တကြည့်ကြည့် ကဲကဲလှုပ်ချစ်ပြတတ်ကြောင်း ညာတာပါတေးနှင့် မဏ္ဍပ်တိုင် တက်ပြနေသည်။ ဟန်မင်းသမီးက တစ်နေကုန် အောင့်အီးသည်းခံပြီး နားထောင်နေရသည်။

"ညနေတောင် စောင်းပြီ ကျွန်မကို ပြန်ခွင့်ပြုပါဦး ကြင်ယာ​တော်"

"ကောင်းပါပြီ ဂရုစိုက်ပြန်ပါ မင်းသမီး"

ဟန်မင်းသမီး ကဝေ့ရင်းအဆောင်မှ ပြန်အထွက် မလှမ်းမကမ်းမှာ ယုန်လေးတွေနှင့် ဆော့နေသည့် ကလေးနှစ်ယောက်ကို မြင်လိုက်တာကြောင့် အနားသွားပြီး နှုတ်ဆက်ရန်ပြင်သည်။

"ယုန်လေးတွေနဲ့ ဆော့နေကြတာလား မင်းသားလေးတို့"

အနားရောက်လာတဲ့ ဟန်မင်းသမီးကို အားရှင်းက အနောက်ကနေ တွန်းလိုက်တော့ ဟန်ချက်ပျက်သွားကာ နံဘေးက ပုံးတစ်ခုကို သွားတိုက်မိပြီး လူလဲ လဲကျ ပုံးထဲက မဲမဲအရာတွေကလဲ မင်းသမီးကိုယ်ပေါ်ပေကုန်သည်။

Innocent Felon (Completed)Where stories live. Discover now